Myanmar
ကချင်စတိုင်လ် ကြက်သားပေါင်း
ဒီကနေ့တင်ပြမည့်အကြောင်းကတော့ တိုင်းရင်းသားရိုးရာအစားအစာဖြစ်တဲ့ ကချင်စတိုင်လ် ကြက်သားပေါင်း ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
လိုအပ်သည့်အမယ်များကတော့ ကြက်သား၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း၊ ငရုတ်သီးပွ၊ နနွင်းမှုန့်၊ ဆား၊ နံနံစေ့မှုန့်၊ ကြက်သွန်မြိတ်တို့ လိုအပ်ပါမယ်။
ပထမဆုံး ကြက်သွန်ဖြူ။ ကြက်သွန်နီ၊ ချင်း၊ ငရုတ်သီးပွ၊ နနွင်းမှုန့်၊ နံနံစေ့မှုန့်တို့ကို ရေထည့်ပြီး ကြိတ်စက်ထဲထည့်၍ ညက်နေအောင် ကြိတ်ပေးထားပါ။
ပြီးရင် ကြက်သားကို ဆား၊ ကြိတ်ထားသည့် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးပွတို့ကို သမအောင် ရောနယ်ပြီး မိနစ်အနည်းငယ်ကြာအောင် နှပ်ထားပါ။
ပြီးနောက် ပေါင်းအိုးတွင် ရေများများထည့်ပြီး ကြက်သားနူးသည်အထိ မိနစ်အနည်းငယ်ခန့် တည်ထားပေးပါ။
ကြက်သားပေါင်းကျက်ပြီဆိုလျှင် ကြက်သားများကိုပေါင်း၍ ထွက်လာသော ကြက်ပေါင်းရည်များဖြင့် ဒယ်အိုးထဲ ရေခမ်းသည်အထိ ပြန်တည်ပေးထားပါ။
ကြက်သားပေါင်းနူးပြီဆိုရင်တော့ လှီးဖြတ်ထားတဲ့ ကြက်သွန်မြိတ်ကို ဖြူးပြီးရင်တော့ ကချင် ကြက်သားပေါင်းကို ထမင်းပူပူလေးနှင့် တွဲဖက်၍ အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။