Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


အိန္ဒိယဆန် ဈေးဆက်ကျ ဗီယက်နမ်ဆန် ဈေးနှုန်းမပြောင်း ဘင်္ဂလားဒေ့ရှ် ယခုနှစ် ဆန်မဝယ်

  • အိန္ဒိယဆန် ဈေးဆက်ကျ 

  • ဗီယက်နမ်ဆန် ဈေးနှုန်းမပြောင်း

  • ဘင်္ဂလားဒေ့ရှ် ယခုနှစ် ဆန်မဝယ်

 

 

အိန္ဒိယဆန်

အန္ဒိယဆန် ဈေးနှုန်း ဆက်လက်ကျဆင်းပါတယ်။ ပြည်တွင်းမှာ ဆန်အလျှံပယ် ရှိနေခြင်း၊ ငွေလဲနှုန်းတွင် ရူပီတန်ဖိုးကျဆင်းခြင်းတို့က အန္ဒိယဆန်ဈေးနှုန်း ဆက်လက်ကျဆင်းပါတယ်။ ရူပီ-ဒေါ်လာ ငွေလဲနှုန်းက ယခု သီတင်းပတ်မှာ တစ်ဒေါ်လာ ၇၇.၇၉ ရူပီ အထိ စံချိန်တင်ကျဆင်းနေပါတယ်။ အစိုးရက သိုလှောင်ထားတဲ့ အရန်ဆန်တွေကို ဆင်းရဲသားတွေကို ဝေငှနေတာကြောင့် ပြည်တွင်းဆန်ဈေးကွက်မှာ ဆန်ပိုလျှံနေပါတယ်။

အိန္ဒိယဆန် ဆန်ကွဲ ၅%ပါ ပေါင်းဆန် အမျိုးအစား  <RI-INBKN5-P1> တစ်တန် ခေါ်ဈေး 351~$356 ရှိနေပြီး ယခင်အပတ် ဆန်ဈေးနှုန်း ခေါ်ဈေး 357- $361 ထက် လျော့ကျသွားတာ ဖြစ်ပါတယ်။

 

 ဗီယက်နမ်ဆန်

 ဗီယက်နမ်ဆန် ဈေးအတက်အကျ မရှိပါ။ ယခင်သီတင်းပတ်အတိုင်း ငြိမ်နေပါတယ်။ ဗီယက်နမ်ဆန် ၅% ဆန်ကွဲပါ <RI-VNBKN5-P1> တစ်တန် $415-$420 ဈေးခေါ်ပါတယ်။

ပြည်တွင်း ဆန်ထွက်တာ လျော့ကျသွားချိန်မှာ အရောင်းအဝယ်ကလည်း အေးနေပါတယ်။

 

ဟိုချီမင်းစီးတီးဆိပ်ကမ်း မေလ ၁ ရက်မှ ၂၄ ရက်အထိ သင်္ဘောတင်တန်ချိန် ၃၀၆,၈၇၀ ရှိပါတယ်။ ဖိလစ်ပိုင်၊ အာဖရိကနှင့် ကျူးဘား သို့ သွားရောက်ပို့ဆောင်မယ့် သင်္ဘောတွေ ဖြစ်ပါတယ်။

 

ထိုင်းဆန်

ထိုင်းဆန် ၅% ဆန်ကွဲပါ <RI-THBKN5-P1> က တစ်တန်လျှင် $450 မှ $430-$445 သို့ ကျဆင်းပါတယ်။ 

 

၂၀၂၂ ဇန်နဝါရီလမှ မတ်လအထိ ကာလအတွင်း ထိုင်းဆန် တန်ချိန် ၁.၇၄ သန်း တင်ပို့ခဲ့ကြောင်း ထိုင်းနိုင်ငံ စီးပွားကူးသန်း ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ 

 

 

ဘင်္ဂလားဒေ့ရှ် ဆန်ဈေးကွက်

ပုံမှန်အားဖြင့် ဘင်္ဂလားဒေ့ရှ်က ကမ္ဘာ့တတိယ ဆန်အများဆုံး ထုတ်လုပ်တဲ့နိုင်ငံ ဖြစ်ပါတယ်။ မုန်တိုင်းအပါအဝင် သဘာဝဘေးအန္တရာယ်ကြောင့် စပါးခင်းများ ထိခိုက်ပျက်စီးရင် ပြည်တွင်းစားသုံးမှု ဖူလုံရေးအတွက် ဆန်ကို တင်သွင်းပါတယ်။ 

ယခုနှစ်မှာ ဆန်တင်သွင်းဖို့ အစီအစဉ်မရှိကြောင်း စားနပ်ရိက္ခာဝန်ကြီးဌာနက ပြောကြားပါတယ်။ ပြည်တွင်းဆန်ဈေးနှုန်းကတော့ အတက်ဘက်မှာ ရောက်နေပါတယ်။

အစိုးရက ဆန်ဝယ်တဲ့ လျာထားချက် ပြည်မီမယ်လို့ ယုံကြည်ကြောင်း ယခုနှစ် စပါးအထွက် ကောင်းကြောင်း ဝန်ကြီးဌာနက ပြောကြားပါတယ်။

 

မြန်မာဆန်

 

ရန်ကုန်ဆိပ်ကမ်းတွင်

ဆန်တင်သည့် သင်္ဘောစာရင်း

မေလ ၁၄ မှ ၂၀ ရက်အထိ

သင်္ဘောအမည်

ဆန်တန်ချိန်

OCEAN 29

6,650

STC ATHENA

6,000

FOUR TURANDOT

28,000

COHIBA

24,500

Read times
Rate this item
(2 votes)