Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ရခိုင်စတိုင် ကြက်ခြေထောက်သုပ်လေးလုပ်စားရအောင်

အဆာပြေပဲစားစား၊ ထမင်းပူပူလးနဲ့ပဲစားစား၊ သူငယ်ချင်းတွေစုပြီးစားစား စားမြိန်စေမယ့်အပြင် လွယ်လင့်တကူ ပြုလုပ်နိုင်တဲ့ ကြက်ခြေထောက်သုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ ကြက်ခြေထောက်၊ ငါးပိစိမ်းစား၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ဟင်းခတ်မှုန့်၊ ကြက်သွန်နီ၊ ငံပြာရည်၊ နံနံပင်၊ ငရုတ်ကောင်းမှုန့်၊ သံပရာသီးတို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ကြက်ခြေထောက်ကို ရေဆေးသန့်စင်ပြီးလျှင် အရမ်းမနူးအောင်ပြုတ်ထားပါ။

 

ပြီးရင် ကြက်ခြေထောက်ကို အအေးခံထားပါ။ ပြီးနောက် အနေတော်လေးတွေဖြစ်အောင် ခုတ်ဖြတ်ထားပါ။

 

ပြီးနောက် ရခိုင် ငါးပိစိမ်းစားအကောင်းစားလေးနည်းနည်းထည့်၊ ကြက်သွန်ဖြူလှီးထည့်၊ ငရုတ်သီးစိမ်းစားနိုင်သလောက်ထည့်၊ အဲဒါတွေအားလုံးကို မီးကင်ပြီး လျှင် ဟင်းခတ်မှုန့်အနည်းထည့်ပြီး ရောထောင်းလိုက်ပါ။

 

ပြီးနောက် ကြက်သွန်နီကိုအခွံနွှာပြီး ရေဆေး၍ စစ်ထားပါ။


အသုပ်သုပ်တော့မယ်ဆိုရင်တော့ ပန်းကန်ထဲမှာ ကြက်ခြေထောက် ပြုတ်ပြီးသား၊ ငါးပိထောင်း၊ ကြက်သွန်နီ၊ သံပရာသီး တစ်ခြမ်းလောက်ညစ်ထည့်မယ်။

 

ပြီးနောက် ဟင်းခတ်မှုန့်နဲ့ ငံပြာရည်အနည်းငယ်၊ နံနံပင်၊ ငရုတ်ကောင်းမှုန့်အနည်းငယ်ထည့်ပြီး ရောသုပ်လိုက်ရင်တော့ ရခိုင်စတိုင် ကြက်ခြေထောက်သုပ် ရှူးရှူးရှဲရှဲကို ထမင်းပူပူလေးနဲ့ မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။

 

Read More >>>>>  ကြက်သားချဉ်စော်ခါးသီးသောက်ဆမ်း

Read times Last modified on Monday, 26 November 2018 09:27
Rate this item
(1 Vote)