Myanmar
ကြက်သားနှင့် လက်ဖက် ဟင်းချက်နည်း
ဒီကနေ့တင်ပြမည့်အကြောင်းကတော့ အိမ်တွင်လွယ်လင့်တကူ ချက်ပြုတ်နိုင်တဲ့
အရသာလည်း အသစ်အဆန်း ဖြစ်စေမည့် ကြက်သားနှင့် လက်ဖက်ချဉ်စပ် ရောချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
လိုအပ်သည့်အမယ်များကတော့ ကြက်သား၊ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်း၊ ငရုတ်သီးအနီတောင့်၊ ငံပြာရည်၊ သကြား၊ ကြက်သားမှုန့်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ကြက်သွန်မြိတ်၊ လက်ဖက်ချဉ်စပ်၊ ဆီ တို့ လိုအပ်ပါမယ်။
ပထမဆုံး ကြက်သားကို ရေဆေးသန့်စင်ပြီးလျှင် အတုံးခပ်သေးသေးလှီးဖြတ်ထားပါ။ ပြီးလျှင် ကြက်သားမှုန့်၊ ငံပြာရည်၊ သကြားတို့နှင့် ရောနယ်ပေးပါ။
ပြီးနောက် ကြက်သွန်ဖြူနှင့် ကြက်သွန်နီတို့ကို ပါးပါးလှီးပြီး ဆီသတ်ပေးပါ။ အနံ့မွှေးလာပြီဆိုလျှင် ကြက်သားထည့်ပြီး ဆီသတ်လိုက်ပါ။
ပြီးရင်တော့ ကြက်သားအပေါ်ယံတင်းလာပြီဆိုလျှင် ခရမ်းချဉ်သီးကို အတုံးသေးသေးဖြစ်အောင်လှီးပြီး ငရုတ်သီးကိုလည်း ပါးပါးလှီးပြီးထည့်ပါ။
ပြီးနောက် လက်ဖက်နှင့် ကြက်သားမှုန့်၊ ငံပြာရည်၊ သကြားတို့ကို ထည့်ပေးပါ။ ရေကိုတော့ အနည်းငယ်ထည့်ပြီး နှပ်ပေးပါ။
ကြက်သားနူးပြီး လက်ဖက်အနံ့ကလည်း မွှေးလာပြီဆိုရင်တော့ ကြက်သွန်မြိတ် (သို့) ရှောက်ရွက်ကို ဖြူးပြီးရင် အရသာရှိတဲ့ ကြက်သားလက်ဖက်ချဉ်စပ်လေးကို ထမင်းပူပူလေးနှင့် တွဲဖက်၍ မြိန်ယှက်စွာ အသင့်သုံးဆောင်နိုင်ပါတယ်။