Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


အာလူးမာလာဟင်း

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ဆိုင်တွင်သွားရောက်စားသောက်စရာမလိုဘဲ

အိမ်တွင်လည်း လွယ်လင့်တကူ လုပ်နိုင်တဲ့ အာလူးမာလာ ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ အာလူး၊ မာလာဟင်းအနှစ်၊ ကြက်သားမှုန့်၊ ဟင်းခတ်မှုန့်၊ မြေပဲထောင်း၊ နှမ်းလှော်၊ ကြက်သွန်မြိတ်၊ နံနံပင်၊ ပူစီနံ၊ ဆီ တို့ လိုအပ်ပါမယ်။

 

ပထမဆုံး အာလူးကို အခွံခွာ၊ ရေဆေးပြီး အချောင်းလိုက် ထူထူလေးလှီးထားပါ။

 

ပြီးလျှင် ပူစီနံ အရွက်များကို ခြွေထားပါ။ ကြက်သွန်မြိတ်နှင့် နံနံပင်ကို ပါးပါးလှီးထားပါ။

 

လှီးထားသော အာလူးများကို ဆီပူပူထဲ ထည့်ကြော်လိုက်ပါ။ အာလူးချောင်းများ၏ အနားသားများ တင်းပြီး အညိုရောင်သန်းလာလျှင် ဆီအိုးထဲမှ ဆယ်၍ ဆီစစ်ထားပါ။

 

ပြီးနောက် အခြားအိုး တစ်ခုထဲတွင် မာလာဟင်းအနှစ်ကိုထည့်၍ အပူပေးလိုက်ပါ။ ပူလာလျှင် ကြော်ထားသော အာလူးကိုထည့်၊ ပူစီနံအရွက်များကိုထည့်၊ ဟင်းခတ်မှုန့်တို့ကိုထည့်၍ သမအောင် မိနစ်အနည်းငယ် ထည့်ကြော်လိုက်ပါ။

 

ပြီးလျှင် မီးဖိုပေါ်မှ ချခါနီးတွင် ပါးပါးလှီးထားသော နံနံပင်နှင့် ကြက်သွန်မြိတ်တို့ ကိုထည့်၍ သမအောင်ပြုလုပ်ပါ။

 

အားလုံးပြီးပြီဆိုရင်တော့ မီးဖိုပေါ်မှချပြီးမှ မြေပဲနှင့် နှမ်းလှော်တို့ ကိုထည့်၍ သမအောင်ပြုလုပ်ပါ။

 

ပြီးရင်တော့ အလွန်အရသာရှိတဲ့ အာလူးမာလာ စပ်စပ်လေးကို ရေနွေးပူပူလေးနှင့် တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်။

Read 6742 times Last modified on Wednesday, 19 September 2018 11:31
Rate this item
(1 Vote)