Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ကြက်သားကာလသားချက်

ကြက်သားဟင်းချက်နည်း အမျိုးမျိုးရှိသည့်အနက် ကြက်သားကာလသားချက်သည်

မြန်မာလူမျိုးတို့ အများဆုံး စားသုံးကြပြီး ကြိုက်နှစ်သက်သော ဟင်းဖြစ်ပါတယ်။

၎င်းအပြင် ဟင်းချက်ရာတွင်လည်း လွယ်ကူပြီး အကျက်လည်း မြန်ပါတယ်။ အရည်လည်းသောက်ဆမ်းနိုင် သည့်အပြင် အဖတ်လည်း စားနိုင်သဖြင့် ဟင်းတစ်မယ်ထဲနှင့်လည်း စားသုံး၍ ရနိုင်ပါတယ်။

ထို့ကြောင့် ညအချိန်တွင် လူငယ်များ ပျော်ပျော်ပါးပါးစုရုံး၍ ချက်ပြုတ်စားသောက်ရာတွင် ကြက်သား ကာလသားချက်သည် အချက်အများဆုံးဖြစ်ပါတယ်။

ကြက်သားကာလသားချက်တွင် လိုအပ်သည့်အမယ်များကတော့ ကြက်တစ်ကောင်၊ ဘူးသီးတစ်လုံး၊ ဆီငါးကျပ်သား၊ ကြက်သွန်နီဥ ခြောက်လုံး၊ ကြက်သွန်ဥ သုံးလုံး၊ မဆလာတစ်ထုပ်၊ ငရုတ်သီးတောင့် ခြောက်တောင့်၊ ငံပြာရည် အနည်းငယ်၊ ဂျင်း အနည်းငယ်၊ ဆား အနည်းငယ်၊ နနွင်းမှုန့် အနည်းငယ်နှင့် စပါးလင်တစ်ပင် တို့ လိုအပ်ပါတယ်။

ဟင်းချက်နည်းအဆင့်ဆင့်မှာ ကြက်ကို ခုတ်ထစ်ဆေးကြောပြီး အနေတော်အတုံးကလေးများ တုံးထားပါ။ အသဲအမြစ်များကို ရေစင်အောင်ဆေးကြော ကိုင်တွယ်ထားပါ။ ကြက်အူခွဲပြီး အတွင်းအပြင် ဆားနယ်၍ ဆေးကြောပြီး စု၍ ရစ်ပတ်ထုံးထားပါ။ ဘူးသီးကို ရေဆေး အခွံနွှာပြီး အစိတ်အပိုင်းဖြစ်အောင် လှီးဖြတ်ထားပါ။

ကြက်သားနှင့်အတူ အသဲအမြစ်နှင့် အူအားလုံးကို ဆားဖြူး၊ နနွင်းမှုန့်ဖြူး၍ နှံ့အောင်နယ်ပါ။ ၎င်းနောက် ငံပြာရည် အနည်းငယ်ဆမ်းပြီး အသားထဲ စိမ့်ဝင်အောင်နယ်ပြီးထားသင့်ပါတယ်။

ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးနှင့် ဂျင်းတို့ကို စုပေါင်း၍ ကြေညက်အောင်ထောင်းပါ။ ပြီးလျှင် အိုးထဲကို ဆီနှင့်အတူ ရောထည့်ပြီး အသင့်တုံးထားသော ကြက်သားနှင့်အတူ လုံးချက်ချက်ထားပါ။ အနည်းငယ်လုံးသွားလျှင် ရေကို ကြက်သားမြှုပ်သည်အထိ ထည့်ပေးရပါမယ်။

ရေဆူလာလျှင် ကြက်သားနူးမနူးစမ်းကြည့်ပါ။ နူးပြီဆိုရင် ဘူးသီးကိုထည့်လိုက်ပါ။ ကြက်ရင့်လျှင် အနည်းငယ်ကြာပြီး ကြက်နုလျှင် ခဏနှင့် ကျက်ပါတယ်။

ကြက်နူးပြီဆိုလျှင် ဆီပြန်သည်အထိ မစောင့်ဘဲ မဆလာထည့်၍ ဟင်းအိုးကို မီးဖိုပေါ်ကချပြီးလျှင် အသင့် စားသုံးနိုင်ပါတယ်။

Read times Last modified on Thursday, 13 September 2018 16:52
Rate this item
(9 votes)