Myanmar
ဝါးတန်းကုန်စည်ဒိုင် ဆန်သစ်များ အဝင်များ ၊ ပြည်ပတင်ပို့ရန် ဆန်ကြမ်း ဈေးနှုန်းများ ဆက်တိုက်မြင့်တက်
ဝါးတန်းကုန်စည်ဒိုင် ဆန်သစ်များ အဝင်များ ၊ ပြည်ပတင်ပို့ရန် ဆန်ကြမ်း ဈေးနှုန်းများ ဆက်တိုက်မြင့်တက်
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
လက်ရှိတွင် ဝါးတန်းကုန်စည်ဒိုင်သို့ တစ်ရက်လျှင် ဆန်သစ်အိတ်ရေ ၄၀,ဝ၀ဝ ၆၀,ဝ၀ဝ အထိ ဝင်ရောက်လျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ဆန်အများဆုံးဝင်ရောက်ကြောင်း သိရသည်။
.
ပေါ်ဆန်းမွှေးအပါအဝင် ဆန်ချောများ စတင်ရိတ်သိမ်းနေပြီဖြစ်ကာ ဆန်ကြမ်းများ ၄၀ ရာခိုင်နှုန်းခန့် ရိတ်သိမ်းပြီးနေပြီ ဖြစ်၍ လာမည့်လတွင် ဧရာဝတီတိုင်းဒေသကြီးမှ ဆန်များ ဈေးကွက်အတွင်းသို့ စတင်ဝင်ရောက်လာမည်ဖြစ်သည်။
.
ပြည်ပဆန်တင်ပို့မှုအနေနှင့် တစ်လလျှင် ဆန်တန်ချိန် တစ်သိန်းခွဲမှ နှစ်သိန်း ဝန်းကျင်အထိ တင်ပို့နိုင်စေရန် ပြည်ပကုန်သည်ဝယ်လက်များ၊နိုင်ငံခြားဈေးကွက်များနှင့် အမြဲမပြတ်ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည်။
.
ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာ့ဆန် တန်ချိန်နှစ်သိန်းအဝယ်ရှိနေပြီး၊ အခြား နိုင်ငံများသို့ တင်ပို့မှုများလည်းရှိနေ၍ ပြည်တွင်းဆန်ကြမ်းဈေး ဆက်တိုက် ဈေးမြင့်လာနေကြောင်း သိရသည် ။ ပြည်ပသို့ ဆန်ကြမ်းနှင့် ဆန်ကွဲ ကိုသာ အဓိကထားတင်ပို့နေရာ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ် ဧပြီမှ အောက်တိုဘာ အတွင်း ဆန်ကြမ်းတန်ချိန် ငါးသိန်း ကျော်နှင့် ဆန်ကွဲလေးသိန်းကျော် တင်ပို့မှုရှိခဲ့သည် ။
.
လက်ရှိ ဆန်ကြမ်းအမျိုးအစား ဆင်းသုခမှာ ဆန်သား ၈၅ ရာခိုင်နှုန်း ပါသည့် ဆန်တစ်အိတ်လျှင် ၄၂,၅၀၀ ကျပ်နှင့် ရတနာတိုးဆင်းသွယ် အိတ် တစ်အိတ်လျှင် ၄၃,၀၀၀ ကျပ်ရှိနေသည်ဟု သိရသည်။ ပြီးခဲ့သည့်အောက်တိုဘာထက် ကျပ် ၅၀၀ ဈေးမြင့်တက်ခဲ့ပါသည်။
Source MDN
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U



