Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ကြောင်လျှာသီးနှပ်

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ အခါးကြိုက်သူများအတွက် ကြောင်လျှာသီးနှပ်

ပြုလုပ်နည်းကို တင်ပြပေးလိုက်ပါတယ်။

လိုအပ်သည့်အမယ်များကတော့ ကြောင်လျှာသီး၊ ငါးပိ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ပုစွန်ခြောက်မှုန့်၊ ငရုတ်သီးအရောင်တင်မှုန့်၊ ဆား၊ ဆီနှင့် ဟင်းခတ်မှုန့်တို့ လိုအပ်ပါမယ်။

ကြောင်လျှာသီးကို ရေဆေးသန့်စင်ပြီး လက်နှစ်လုံးစာခန့် အပိုင်းလေးများ လှီးဖြတ်ထားပါ။ ပြီးတဲ့အခါ ဆားနဲ့ပွတ်ဆေးပြီး ရေစစ်ထားပါ။

မီးဖိုပေါ်တွင် ဆီအိုးတည်ပြီး ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ ငရုတ်သီးအရောင်တင်မှုန့်ထည့်ပြီး ဆီသတ်ပါ။ ခဏကြာမှ ငါးပိထည့်မွှေပါ။ ငါးပိများ နှံ့ပြီဆိုရင် ပုစွန်ခြောက်မှုန့်ထည့်ပါ။


လိုအပ်တဲ့အရသာအတွက် ဆားနဲ့ ဟင်းခတ်မှုန့်အနည်းငယ်ထည့်ပါ။ အပေါ့အငန်မြည်းကြည့်ပြီး စိတ်ကြိုက် အနေအထားရပြီဆိုရင် ကြောင်လျှာသီးထည့်မွှေပါ။

ပြီးလျှင် ရေအနည်းငယ်ထည့်ပြီး ခဏအုပ်ထားပေးပါ။ ရေခန်းပြီး ဆီပြန်ပြီဆိုရင် အရသာရှိတဲ့ ကြောင်လျှာသီးနှပ်ကို အသင့်သုံးဆောင်နိုင်ပါပြီ။

Read times Last modified on Thursday, 13 September 2018 17:34
Rate this item
(1 Vote)