Myanmar
အပ်မှိုကြော်
ယနေ့ခေတ်တွင် ရေပန်းစားနေသော Hop Pot စားလျှင် ပါဝင်လေ့ရှိတဲ့ အပ်မှိုကို
ကြော်စားမယ်ဆိုရင်လည်း အလွန်စားမြိန်စေမှာဖြစ်ပါတယ်။
၎င်းအပြင် အိမ်တွင် လွယ်လင့်တကူကြော်စားနိုင်တဲ့ အပ်မှိုကြော်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းတွေကတော့ အပ်မှို၊ ကြက်ဥ၊ ဂျုံအကြော်မှုန့်၊ ဆား၊ ဟင်းခတ်မှုန့်၊ ဆီ၊ ငရုတ်ကောင်းမှုန့်တို့ လိုအပ်ပါမယ်။
ပထမဆုံး အပ်မှိုကို ရေဆေးသန့်စင်ပြီး ရေစစ်ထားပါ။ ပြီးလျှင် ကြက်ဥကို ခွဲပြီး ဂျုံမှုန့်၊ ဆား၊ ဟင်းခတ်မှုန့်၊ ငရုတ်ကောင်းမှုန့်တို့ကို မပျစ်မကျဲလေးရောပြီး ခလောက်ထားပါ။
ပြီးနောက် အပ်မှိုကို ကြက်ဥခလောက်ထားသောအရည်ဖြင့် ဟိုဘက်ဒီဘက်နှံ့အောင် ဆွတ်ပေးထားပါ။
ပြီးနောက် အကြော်မှုန့်ဖြင့် ကပ်ပေးလိုက်ပါ။ ပြီးရင်တော့ ဒယ်အိုးထဲဆီထည့် ဆီပူလာလျှင် အပ်မှိုကို ဒယ်အိုးထဲထည့် အညိုရောင်သန်းသည်အထိ ကြော်ပေးထားပါ။
ကျက်ပြီဆိုရင်တော့ ဆယ်ယူပြီး ငရုတ်ဆီဆော့လေးနှင့် တွဲဖက်၍ မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။