Myanmar
တိုင်းရင်းသားအစားအစာတစ်မျိုးဖြစ်တဲ့ မျှစ်သုပ်
ရှမ်းပြည်မှာတော့ ဟင်းအဖြစ်လည်းစားကြသကဲ့သို့၊ သားရေစာအဖြစ်လည်း
ညနေပိုင်းမှဖွင့်တဲ့ အသုပ်စုံ ဆိုင်တွေမှာ မျှစ်သုပ်ကို တွဲရောင်းတတ်ကြပါတယ်။ ဒီကနေ့တော့ ထမင်းမြိန်စေမယ့် တိုင်းရင်းသားဒေသထွက် အစားအစာတစ်မျိုးဖြစ်တဲ့ မျှစ်သုပ်လုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းတွေကတော့ မျှစ်၊ ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီး၊ ဆား၊ ဟင်းခတ်မှုန့်၊ ငရုတ်သီး၊ မြေပဲထောင်း၊ ကြက်သွန်နီ၊ နံနံပင်၊ ဆီတို့ လိုအပ်ပါမယ်။
ပထမဦးဆုံး မျှစ်နုနုကို အခွံသင်ပြီး ပြုတ်ထားပါ။ မျှစ်နူးပြီဆိုရင်တော့ မီးဖိုပေါ်မှချပြီး ရေစိမ်ထားပါ။ ပြီးလျှင် ပြုတ်ထားသောမျှစ်ကို ကြိုက်နှစ်သက်တဲ့အရွယ်တော်ဖြစ်အောင် လှီးဖြတ်ထားပါ။
ကြက်သွန်ဖြူကို အခွံခွာပြီး ဆီချက်ချက်ထားပါ။ ခရမ်းချဉ်သီးကိုလည်း ချက်ထားပါ။ ကြက်သွန်နီကို အခွံခွာပြီး ကြော်ထားပါ။ ငရုတ်သီးကိုလည်း ဆီချက်ချက်ထားပါ။
ပြီးရင်တော့ ပါဝင်ပစ္စည်းများအားလုံးထည့်ပြီး နယ်လိုက်ပါ။ ပြီးလျှင် အပေါ့အငန်မြည်း၍ မိမိကြိုက်နှစ်သက်တဲ့ အရသာအနေအထားရောက်အောင်ထည့်ပြီးရင်တော့ ထမင်းမြိန်စေမည့် ဒေသထွက်အစားအစာ မျှစ်သုပ်လေးကို ရေနွေးကြမ်းလေးနှင့် တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်။