Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ငှက်ပျောသီးကောက်ညှင်းထုပ်

ရခိုင်ငှက်ပျောသီးလေးနဲ့ ငှက်ပျောသီးကောက်ညှင်းထုပ်လေး  ပြုလုပ်နည်းလေးကိုဖော်ပြပေးလိုက်  ပါတယ်။

 

ပါဝင်ပစ္စည်းများ ကောက်ညှင်းဆန်၊ ရခိုင်ငှက်ပျောသီး၊ ဆား၊ သကြား၊ အုန်းသီး၊ နှမ်း၊ ငှက်ပျောဖက် တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ကောက်ညှင်းဆန်ကို တစ်ညကြိုတင်ရေဆေးစိမ်ထားပါ။

 

ပြီးနောက် ကောက်ညှင်းတွေကို ရေစင်အောင်စစ်ထားပါ။

 

ပြီးရင်တော့ ကောက်ညှင်းကို ဆားဖြင့်နယ်ထားပါ။

 

ပြီးလျှင် ငှက်ပျောသီးကို အခြမ်းလေးများခြမ်းထားပေးပါ။

 

ငှက်ပျောဖက်ကို မီးကင်ထားပါ။ နို့မို့ရင် ထုပ်တဲ့အခါ ဖက်က မာဆတ်ဆတ်နဲ့ ကွဲထွက်လာတတ်ပါတယ်။

 

ပြီးနောက် ဖက်ကို နှစ်ရွက်လောက် ထပ်ပြီး ကောက်ညှင်းထည့်၊ အပေါ်က ငှက်ပျောသီးစိတ်ကို ထည့်ပါ။

 

ပြီးလျှင် ကောက်ညှင်းနဲ့ နောက်ထပ် ထပ်အုပ်ပါ။  ပြီးရင်တော့ နှီးကြိုးနဲ့ တင်းတင်းစည်းပါ။

 

ပြီးနောက် ပြုတ်မည့်အိုးထဲကို စီထည့်ပြီး ရေကိုကောက်ညှင်းထုပ်လေးများ မြုပ်အောင်ထည့်လိုက်ပါ။

 

ကောက်ညှင်းထုပ်ပြုတ်ရာတွင် အပြုတ်နာလေ ကောက်ညှင်းထုပ်အသား ကောင်းလေပါပဲ။

 

ပြီးလျှင် ကောက်ညှင်းထုပ်ကို ရေဖြင့် နှစ်ခါလောက် ထပ်ဖြည့်ပြီးပြုတ်ပါ။

 

ကျက်သွားရင်တော့ ငှက်ပျောဖက်ကိုခွာ၍ ဓားဖြင့်စိတ်ပြီး အုန်းသီးနဲ့ နှမ်းထောင်းဖြူးကာ မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

 

 

Read times
Rate this item
(2 votes)