Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ပဲ၊ နှမ်း စျေးကွက်တွင် ပဲစင်းငုံ(ဖြူ)(နီ) အရောင်းအဝယ်သွက်၍ စျေးကောင်းရရှိ

မန္တလေးပဲ၊ နှမ်းစျေးကွက်တွင် ပဲစင်းငုံ(ဖြူ)နှင့် ပဲစင်းငုံ(နီ) အရောင်းအဝယ်ကောင်းမွန်လာပြီး စျေးကောင်းရရှိလာကြောင်း

 ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်) အတွင်းရေးမှူးထံမှ သိရ သည်။

 

ပဲ၊ နှမ်း စသည့် ကုန်စည်များတွင် ယခင်က ပဲစင်းငုံ(ဖြူ)နှင့် ပဲစင်းငုံ(နီ)မှာ ပြည်တွင်းစျေးကွက်အတွင်း ဝယ်ယူမှု နည်းခြင်းကြောင့် အရောင်းအဝယ်အေးခဲ့ကြောင်း ယခုလက်ရှိတွင် ပဲစင်းငုံ(ဖြူ)နှင့် ပဲစင်းငုံ(နီ)များကို ကုန်သည် များဝယ်ယူမှု များပြားလာသဖြင့် အရောင်းအဝယ်ကောင်းမွန်လာကြောင်း သိရသည်။

 

“ပဲစင်းငုံ(ဖြူ)နှင့် ပဲစင်းငုံ(နီ)က အရင်တစ်ပတ်လောက်က အရောင်းအဝယ် သိပ်ပြီးမကောင်းတာကြောင့် မန္တလေး စျေးကွက်ထဲ စျေးကောင်းသိပ်မရခဲ့ဘူး၊ အခုလက်ရှိမှာတော့ အရောင်းအဝယ် ပြန်ကောင်းမွန်လာတဲ့ အပြင် ပြည်ပကပါ ဝယ်ယူမှုတွေရှိလာတာကြောင့် စျေးကောင်းပြန်ရနေပါတယ်” ဟု ၎င်းကပြောသည်။

 

Myittar Mon

Click Here >>> Myittar Mon

မန္တလေးပဲ၊ နှမ်းစျေးကွက်တွင် ဖေဖော်ဝါရီ ၆ ရက်ပေါက်စျေးအရ ပဲစင်းငုံ (ဖြူ) သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၁၇၂,၀၀၀၊ ပဲစင်းငုံ(နီ) သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၁၈၀,၀၀၀ သာပေါက်စျေးရှိခဲ့သော်လည်း ယနေ့ပေါက် စျေးအရ ပဲစင်းငုံ (ဖြူ) သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၁၈၂,၀၀၀၊ ပဲစင်းငုံ(နီ) သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၁၉၀,၀၀၀ ထိ ပေါက်စျေးရှိလာကြောင်း သိရသည်။

 

အလားတူ မန္တလေး ပဲ၊ နှမ်းစျေးကွက်တွင် ယနေ့ပေါက်စျေးအရ နှမ်းဖြူစျေးကွက်တွင် ယနေ့ပေါက်စျေးအရ နှမ်း ဖြူသုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၃၂၅,၀၀၀၊ နှမ်းညို သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၂၅၅,၀၀၀၊ နှမ်းနက် (စမုန်) သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၃၁၀,၀၀၀ ပေါက်စျေးရှိကြောင်း ပွဲစားကုန်သည်စက်ပိုင် များ မဟာကထိန်တော်အသင်း (မန္တလေးကုတ်စည်ဒိုင်) မှ သိရသည်။

 

Join Telegram Channel >>> https://t.me/Guid4U

Source: YDNP

Myanmar Food Industry Guide

Read times Last modified on Monday, 20 February 2023 11:02
Rate this item
(0 votes)