Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


အဆီချ စွပ်ပြုတ်ပြုလုပ်နည်း

ဝနေသူများနှင့် အသက်ကြီးသူများအတွက် အဆီချ စွပ်ပြုတ် ပြုလုပ်နည်းလေးကို

ဖော်ပြပေးလိုက်ပါတယ်။ ၀ိတ်ချနေသူများ အဆီပိုတွေ ဖယ်ရှားဖို့အတွက် အဆီချစွပ်ပြုတ်သောက်သုံးသင့်ပြီး အိမ်တွင်လည်း လွယ်လင့်တကူ ပြုလုပ်နိုင်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ ကြက်သား၊ ဂေါ်ဖီ၊ ငရုတ်သီးစိမ်း၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ တရုတ်နံနံ၊ ဆား၊ ဟင်းခတ်မှုန့်၊ ငရုတ်ကောင်းမှုန့်တို့ လိုအပ်ပါမယ်။

 

ပထမဆုံး ကြက်သားကို ရေဆေးသန့်စင်ပြီး ဆား၊ ဟင်းခတ်မှုန့်တို့နှင့်နယ်ပြီး စွပ်ပြုတ်လုပ်ထားပါ။

 

တရုတ်နံနံ၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီနဲ့ ဂေါ်ဖီထုပ်ကို ပါးပါးလှီးထားပါ။ ပြီးရင် အိုးတစ်ခုထဲထည့်ပြီး ကြက်စွပ်ပြုတ်ရည်နဲ့ရောလိုက်ပါ။

 

ငရုတ်သီးစိမ်းကို ညှပ်ပြီး ထည့်ပါ။ ပြီးလျှင် မီးအေးအေးနဲ့ ပြုတ်ထားပါ။

 

မီးဖိုပေါ်မှ ချကာနီး ဆားနည်းနည်းနဲ့ ငရုတ်ကောင်းမှုန့်ထည့်ပါ။ မိနစ်အနည်းငယ်ကြာရင်တော့ အနံ့အရသာနဲ့ ပြည့်စုံတဲ့ စွပ်ပြုတ်ရပါပြီ။

 

အဆီချသူများကတော့ ယင်းစွပ်ပြုတ်ကို နေ့စဉ်သောက်သုံးသင့်ပါတယ်။ ပြီးလျှင် ဒူးနာနေသူ၊ အသက်အရွယ်ကြီးသူတွေအတွက် အထူးကောင်းမွန်ကြောင်း သိရပါတယ်။

Read times Last modified on Wednesday, 19 September 2018 11:20
Rate this item
(1 Vote)