Myanmar



မန္တလေး ပဲမျိုးစုံ ဈေးကွက်

မန္တလေး ပဲမျိုးစုံ ဈေးကွက်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

မန္တလေးပွဲစားကုန်သည် စက်ပိုင်ကထိန်တောင်အသင်းတွင် ပဲမျိုးစုံဈေးနှုန်းအနေဖြင့် မတ်ပဲ အသစ်များ မန္တလေးဝန်းကျင်မှဝင်ရောက်ခြင်း၊ ရန်ကုန်ဝယ်လက်နှင့်လှောင်သမားအဝယ်နည်းခြင်း ကြောင့် ၆၀ပိဿာ ၁၈၆၀၀၀ကျပ်မှ ၁၈၁၀၀၀ကျပ်သို့ ဈေးမသိမသာနိမ့်သွားသည်။

 

ပဲတီစိမ်းဈေးနှုန်းအနေဖြင့် ပဲတီစိမ်း(အညာ)မှာ အဝင်နည်းခြင်း၊ဒေသအလိုက်အရည်အသွေး ပေါ်မူတည်၍ဈေးကွာခြားခြင်းကြောင့် အနိမ့်ဆုံး ၅၆.၂၅ပိဿာ ၁၄၅၀၀၀ကျပ်မှ အရည်အသွေးအ ကောင်းဆုံး ၁၆၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး ပဲတီစိမ်း(ရွှေဝါလမ်း)မှာလည်း အဝင်ပုံမှန်ရှိ သည်။ ပဲခွဲစက်နှင့် တရုတ်ဝယ်လက်ပုံမှန်ရှိခြင်းကြောင့် ၅၆.၂၅ပိဿာ ၁၉၅၀၀၀ကျပ်မှ ၂၁၅၀၀၀ ကျပ်ဖြင့်ဈေးငြိမ်နေသည်။ ပဲတီစိမ်း(ခရမ်း)မှာမူ အဝင်နည်း၊ပစ္စည်းနည်းခြင်းကြောင့် ယခင်အပတ် ၂၃၀၀၀၀ကျပ်မှ ၂၃၁၀၀၀ကျပ်သို့ ဈေးမသိမသာမြင့်သွားသည်။

ပဲစဉ်းငုံ(ဖြူ/နီ)တို့မှာ အသစ်အဝင်နည်းခြင်း၊ ရန်ကုန်ဝယ်လက်ရှိခြင်းကြောင့် ပဲစဉ်းငုံ(ဖြူ) ၆၀ပိဿာ ၁၉၅၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး ပဲစဉ်းငုံ(နီ)မှာ ပဲခွဲစက်နှင့်ရန်ကုန်ဝယ်လက်နည်း ခြင်းကြောင့် ၆၀ပိဿာ ယခင်အပတ် ၂၀၈၀၀၀ကျပ်မှ ယခုအပတ် ၂၀၆၀၀၀ကျပ်ဖြင့် ဈေးမသိမသာ နိမ့်သွားသည်။

      

ကုလားပဲအုပ်စုအနေဖြင့် ကုလားပဲ(လုံးဖြူကြီး)မှာ အသစ်အဝင်နည်းသေးခြင်း၊ အရည်အ သွေးကောင်းခြင်း၊ လှောင်သမားလုပ်ငန်းသမားအဝယ်ရှိခြင်းကြောင့် ၅၇.၂၅ပိဿာ ၁၈၉၀၀၀ကျပ်မှ ၁၉၄၀၀၀ကျပ်သို့ ဈေးမြင့်သွားပြီး ကုလားပဲ(လုံးဝါကြီး)မှာ ပဲခွဲစက်နှင့် လှောင်သမားအဝယ်ရှိခြင်း ကြောင့် ၅၆.၂၅ပိဿာ ၁၈၂၀၀၀ကျပ်မှ ၁၈၅၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။ လုံးဝါကြီးဈေးမြင့်သ ဖြင့် အမြင့်ဈေးဖြင့်ဝယ်ယူကြိတ်ခွဲရသော ခွဲခြမ်းမှာ တပိဿာ ၄၄၅၀ကျပ်မှ ၄၅၀၀ကျပ်သို့ ဈေးမသိ မသာမြင့်သွားသည်။

     

ပဲယင်းနှင့်မြေထောက်ပဲမှာ အသစ်ဝင်ရောက်မှုရှိသော်လည်း အဝင်နည်းသေးခြင်း၊ ပဲခွဲစက် နှင့်လုပ်ငန်းသမားပုံမှန်ဝယ်ယူမှုရှိခြင်းကြောင့် ပဲယင်း ၆၀ပိဿာ အရည်အသွေးအကောင်းဆုံး ၁၅၅၀၀၀ကျပ်၊ မြေထောက်ပဲ ၅၄ပိဿာ ၂၈၅၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ စားတော်ပဲ (ကျွန်း)မှာ  အသစ်ဝင်ရောက်မှုရှိခြင်းကြောင့် ယခင်အပတ် အရည်အသွေးအကောင်းဆုံး ၅၉.၂၅ပိဿာ ၃၃၀၀၀၀ကျပ်မှ ယခုအပတ် ၃၁၅၀၀၀ကျပ်သို့ ဈေးမသိမသာနိမ့်သွားသည်။

     

ပဲကြီး(ကြီး/သေး)၊ ထောပတ်ပဲ(ကြီး/သေး)တို့မှာ အသစ်ဝင်ရောက်မှုရှိပြီး၊ အရည်အသွေး ကောင်းခြင်း၊ လုပ်ငန်းသမားလှောင်သမားအဝယ်ရှိခြင်းကြောင့် ပဲကြီး(ကြီး) ၅၅.၂၅ပိဿာ ၂၃၅၀၀၀ ကျပ်မှ ၂၄၅၀၀၀ကျပ်၊ ပဲကြီး(သေး) ၂၀၅၀၀၀ကျပ်မှ ၂၂၅၀၀၀ကျပ်သို့ မသိမသာဈေးမြင့်သွားပြီး ထောပတ်ပဲ(ကြီး)မှာ ၅၆.၂၅ပိဿာ ယခင်အပတ် ၂၄၀၀၀၀ကျပ်မှ ၂၄၄၀၀၀ကျပ်၊ ထောပတ်ပဲ (သေး)မှာ ၂၂၀၀၀၀ကျပ်မှ ၂၂၈၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။

      

ပဲလွန်း(ဖြူ/ပြာ)မှ အဝင်ပုံမှန်ရှိပြီး လှောင်သမားအဝယ်နည်းပြီး လက်လီသမားဝယ်ယူမှုသာရှိ သဖြင့် ၆၀ပိဿာ ၁၄၅၀၀၀ကျပ်မှ ၁၄၃၀၀၀ကျပ်သို့လည်းကောင်း၊ ပဲလွန်းပြာ ၆၀ပိဿာ ၁၃၂၀၀၀ ကျပ်မှ ၁၂၅၀၀၀ကျပ်သို့ဈေးနိမ့်သွားသည်။

     

ပဲပုတ်(ရှမ်း/မြန်မာ)တို့မှာ အသစ်ဝင်ရောက်မှုရှိခြင်း၊ လုပ်ငန်းသမားဝယ်ယူမှုသာရှိခြင်း ကြောင့် ယခင်အပတ် ၅၃.၂၅ပိဿာ ၁၈၂၀၀၀ကျပ်မှ ၁၈၀၀၀၀ကျပ်သို့ ဈေးနိမ့်သွားပြီး ပဲပုတ်(ရှမ်း) မှာ အဝင်နည်းသေးခြင်းကြောင့် ဆီစက်သမားအဝယ်နည်းသော်လည်း ၁၇၀၀၀၀ကျပ်ဖြင့် ဈေးတည် ငြိမ်နေသည်။

Source:Market Information Service- DOP- MOALI


TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Saturday, 11 March 2023 08:20
Rate this item
(0 votes)