Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ရာသီဥတု ပူပြင်းတဲ့အချိန်မှာ ဖာလူဒါ လုပ်သောက်ကြရအောင်

ဖာလူဒါကို အိမ်တွင် ကိုယ်တိုင်လုပ်ပြီး စားချင်သူတွေအတွက် လုပ်နည်းလေးကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။


ပါဝင်ပစ္စည်းများကတော့ သာကူစေ့၊ မုန့်လက်ဆောင်းဖတ်. ပူတင်း၊ ရေခဲမုန့်၊ ဂျယ်လီရောင်စုံ၊ နွားနို့ကျိုပြီးအပျစ်၊ သကြား၊ အနီရောင် အစာဆိုးဆေး၊ ရေ ခဲတို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး သကြားကို ရေထည့်ပြီး အရောင်အနည်းငယ်ထည့်ကာ ပျစ်လာအောင်ကျိုထားပါ။

 

ပြီးလျှင် အနီရောင် အစာဆိုးဆေး (Rose Syrups) အရည်လေးကို နှစ်ဇွန်းခန့်ရောပါ။ အနံ့မွှေးစေရန် ဖြစ်ပါတယ်။

 

Read More >>>>>> အာလူးကြော်စားသူတွေက အသက်တိုနိုင်ကြောင်း လေ့လာတွေ့ရှိ

 

ပြီးနောက် သာကူကိုလည်း အထဲမှ အဆန်ပျာက်သည်အထိ အရောင်ထည့်ပြီး ကျိုပါ။ ပြီးလျှင်ဇကာထဲ သွန်ပြီးရေအေးနှင့် ဆေးပေးပါ။ သာကူများ ကပ်မနေစေရန် ဖြစ်ပါတယ်။

 

ပြီးလျှင် နို့ကိုလည်း ပျစ်ပျစ်ကျိုထားပါ။ ပြီးနောက် ကျိုပြီးသားကို သုံးလည်းရပါတယ်။ ကြာကြာကျိုစရာတော့ မလိုတော့ဘူးပေါ့။ ကျိုပြီးရင် အအေးခံထားပါ။

 

ပြီးနောက်  ရောင်စုံလုပ်ပြီးသားဂျယ်လီ လေးများကို အတုံးလေးများ လှီးထားပါ။

 

အမယ်အားလုံးလုပ်ပြီးပြီဆိုရင်တော့ အရင်ဆုံး သကြားရည်ထည့်၊ ရေခဲထည့်၊ မုန့်လက်ဆောင်းဖတ်ထည့်၊ သာကူကျိုထားတာထည့်၊ ပူတင်းထည့်၊ ရေခဲမုန့်ထည့် ၊ နို့ထည့်ပြီး ဂျယ်လီလေးများကို အပေါ်က တင်ပြီးရင်တော့ အရသာအလွန်ရှိတဲ့ ဖာလူဒါလေးကို စိတ်ကြိုက်သုံးဆောင်နိုင်ပါပြီ။

Read times
Rate this item
(1 Vote)