Myanmar



မန္တလေး ကြက်သွန် နီ/ဖြူ အာလူး ဂျင်း ဈေးနှုန်း အတက်အကျများ

မန္တလေး ကြက်သွန် နီ/ဖြူ အာလူး ဂျင်း ဈေးနှုန်း အတက်အကျများ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 မန္တလေးကိုင်းတန်းဈေးတွင် စားဖိုဆောင်သီးနှံများအနက် 

 

ကြက်သွန်နီ ဈေးနှုန်းမှာ မြစ်သား ကြက်သွန်ကြီး တစ်ပိဿာ ၁၉၀၀ ကျပ်၊ လတ်တစ်ပိဿာ ၁၈၀၀ ကျပ် သေးတစ်ပိဿာ ၁၆၀၀ ကျပ် ဖြစ်ပြီး မြင်းခြံ၊ မုံရွာ နယ်စုံကြက်သွန်များမှာ ကြီးတစ်ပိဿာ ၁၅၀၀ ကျပ် လတ်တစ်ပိဿာ ၁၄၀၀ ကျပ်၊ သေးတစ်ပိဿာ ၁၃၀၀ ကျပ် ဈေးဖြင့် ရောင်းဝယ်မှုရှိသည်။

 

ကြက်သွန်ဖြူ ဈေးနှုန်းအနေဖြင့် ရှမ်းကြက်သွန်ဖြူမှာ စတင်နှုတ်သိမ်းစဖြစ်၍ ဈေးကွက် အတွင်း မဝင်သေးပါ။ တရုတ်ကြက်သွန်ဖြူမှာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် တစ်ပိဿာ ၃၇၀၀ ကျပ်မှ ၄၀၀၀ ကျပ်သို့ ဈေးမသိမသာမြင့်သွားပြီး ကြက်သွန်ဖြူ (မြေပြန့်) မှာ အရည်အသွေးပေါ်မူတည်၍ အကောင်းဆုံး ၅၀၀၀ ကျပ်မှ အညံ့ဆုံး ၃၀၀၀ ကျပ် ဈေးရှိသည်။

       

အာလူးဈေးနှုန်းမှာ အိုကေ၊ အေဝမ်း၊ ဆွဲ အတန်းအစားမခွဲဘဲ ဘန့်ဘွေးအာလူးတစ်ပိဿာ ၁၇၀၀ ကျပ်၊ ပခုက္ကူအာလူးတစ်ပိဿာ ၂၀၀၀ ကျပ်ဈေးရှိပြီး မြို့တွင်းစားသုံးမှုသာရှိသည်။

 

ချင်းဈေးနှုန်းအနေဖြင့် ဘင်္ဂလားဒေ့ခ်ျသို့ ပင်ရင်းဒေသမှ အပို့ရှိသောကြောင့် ပင်ရင်းဈေးမြင့် ပြီး တစ်ပိဿာ ၁၈၀၀ မှ ၂၀၀၀ ကျပ်ထိ ဈေးမြင့်သွားသည်။

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Friday, 17 March 2023 15:49
Rate this item
(0 votes)