Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ထမင်းမြိန်စေမယ့် ချဉ်ငံစပ် သခွားသီးသုပ်

သခွားသီးသုပ်လို့ ဆိုလိုက်ရင် ချဉ်ငံစပ်ပြီး ငါးငပိရည်ကျိုနံ့လေး မွှေးနေမှ စားလို့ကောင်းတာမျိုးပါ။

 

အဲဒါကြောင့် ထမင်းစားမြိန်စေမယ့် ချဉ်ငံစပ် သခွားသီးသုပ်လေးအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းများကတော့ သခွားသီး၊ ဆား၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ သံပရာသီး၊ ငါးပိရည်ကျို၊ ပင်စိမ်းရွက်၊ ဆား၊ ကြက်သွန်ဖြူဆီချက်တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး သခွားသီးကို ရေစင်အောင်ဆေးပြီး ထက်ဝက်ခြမ်းပေးကာ ကိုယ့်စိတ်ကြိုက် အဆင်ပြေသလို အရင်ခြစ်ပေးထားပါ။

 

ပြီးလျှင်ပြုတ်ထားသော ငါးကို ခပ်မွမွ ချေပေးထားပါ။

 

ပြီးနောက် ငရုတ်သီးကို မွှေးအောင်လှော်ပြီး ညက်အောင်ထောင်းပေးပါ။

 

ပြီးလျှင် ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေေ၍ ပါးပါးလှီးပြီး ရေတထပ် ထပ်ဆေးထားပါ။

 

ပြီးနောက် ငါးပိကို ဆား၊ နနွင်းနှင့် ရေသင့်ရုံ ထည့်ပေးပြီး ပွက်ပွက်ဆူအောင် ကျိုထားပေးပါ။

 

ပြီးလျှင် ကြက်သွန်ဖြူကို အခွံနွှာပြီး ဓားပြားရိုက်၍ ဆီချက် ချက်ထားပေးပါ။

 

Read more >>>>> သက်သတ်လွတ် Sandwiches လေး လုပ်စားရအောင်

 

ပြီးနောက် သခွားသီး ခြစ်ပြီးသားထဲကို ငါးပိရည်ကျို၊ ဆား၊ ငါးပြုတ်၊ ကြက်သွန်နီ၊ ပင်စိမ်းရွက်၊ ငရုတ်သီးစိမ်းထောင်း၊ သံပရာရည်ညှစ်ပြီး  ဆီချက်တို့ထည့်၍ သမအောင်နယ်ပေးပါ။

 

အစပ်မကြိုက်ပါက ငရုတ်သီးလျော့ထည့်ကာ အားလုံးသမအောင် နယ်ပြီးပါက အရသာမြည်းကြည့်ပြီး ချဉ်ငံစပ်အရသာကို လိုသလို ပြင်ပေးကာ ချဉ်ငံစပ် မွှေးနေတဲ့ သခွားသီးသုပ်ကို ထမင်းပူပူလေးနဲ့ မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။

Read times Last modified on Saturday, 02 February 2019 13:43
Rate this item
(1 Vote)