Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ်၌ မျိုးစပါး၊ မျိုးစေ့ထုတ်စိုက်ခင်း ဧက(၁၅၀၀) ကို (CERP)အရ စိုက်ပျိုး

စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ်၌ မျိုးစပါး၊ မျိုးစေ့ထုတ်စိုက်ခင်း ဧက(၁၅၀၀) ကို (CERP)အရ စိုက်ပျိုး Moi.Gov

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တွင် မျိုးစပါး၊ မျိုးစေ့ထုတ်ဧက(၁၅၀၀)ကို (CERP)အရ စိုက်ပျိုး လျက်ရှိပါသည်။

 

၂၀၂၀ ခုနှစ် မိုးစပါးစိုက်ပျိုးရာတွင် ဝက်လက်မြို့နယ်၌ Covid-19 စီပွားရေးကုစားမှုအစီအစဉ်(CERP) ဖြင့် (၁၅၀၀) ဧက စိုက်ပျိုးပြီး ဝက်လက်မြို့နယ်အတွင်း ကျေးရွာအသီးသီးရှိ တောင်သူများအတွက် မျိုးသန့်စပါး လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမှာ ဖြစ်ပြီး ကျေးရွာအုပ်စု (၄၇) အုပ်စုရှိ တောင်သူ (၄၂၅) ဦးကို မျိုးသန့်စပါး စိုက်ပျိုးထုတ်သည့် ပညာကို တောင်သူများ သင်တန်းပေး ဆောင်ရွက်နေကြောင်းလည်း သိရသည်။

 

 

မျိုးကွဲများ အနေဖြင့် ပေါ် ဆန်းရင် (၁၃၅၀) ဧက ၊ဧရာမင်း (၅၀) ဧက နှင့် ရက်ကိုးဆယ် (၁၀၀) ဧက၊ စုစုပေါင်း (၁၅၀၀) ဧက စိုက်ပျိုး ထုတ်လုပ်သွားမည် ဖြစ်ကြောင်း နှင့် လာမည့် နှစ် မိုးရာသီတွင် ဝက်လက်မြို့နယ်၏ မျိုးသန့်စပါး လိုအပ် ချက်ကို အပြည့်အဝဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်လိမ့်မည်လို့ ရည်ရွယ်ပြီးဆောင်ရွက်နေတာ ဖြစ်ကြောင်း ဝက်လက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှမိုးကျော် ကပြောကြားခဲ့ပါသည်။

 

By Myanmar Food Guide

 

Moi.Gov

Read times
Rate this item
(0 votes)