Myanmar
ပင်ပွားကျောက်ကျော
ပိတ်ရက်မှာ မိသားစုဆုံတုန်းလေး အချိုပွဲကို ကိုယ်တိုင်လုပ်ချင်သူများအတွက် ပင်ပွားကျောက်ကျော ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းတွေကတော့ ကျောက်ကျောမှုန့်၊ သကြား၊ ဆား၊ ပင်ပွား တို့ လိုအပ်ပါမယ်။
ပထမဦးဆုံး ပင်ပွားတွေကို ပွလာအောင် ရေစိမ်ထားတယ်။ လူရိုင်းခေါင်းတံဆိပ် အပြာရောင် အထုပ်ကို သကြားနဲ့ကျိုပါ။
ပြီးလျှင် ကျောက်ကျောရည်ကို အအေးခံတဲ့အခါ ဗျက်ကျယ်ကျယ် လင်ဗန်းထဲကိုလောင်းထည့်ပီး ပင်ပွားစေ့လေးတွေ ထည့်လိုက်ပါ။
ပင်ပွားက ပေါ့တော့ အပေါ်ယံမှာ ပေါ်ချင်နေပြီး ဗျက်ကျယ်တာကို သုံးလိုက်တော့ ကျောက်ကျောသား ပါးသွားလို့ အပေါ်မှာ တက်နေလို့ မရတော့ဘဲ။ မြန်မြန်ခဲအောင် ရေခဲသေတ္တာထဲမှာအအေးခံ၍ အခဲဖြစ်အောင်လုပ်ပြီး အတုံးလေးတွေ လှီးထားလိုက်ပါ။
နောက်ထပ် လူရိုင်းခေါင်းတံဆိပ် အပြာရောင် အထုပ်ကို နောက်တစ်အိုး သကြားနဲ့ ရောကျိုလိုက်ပါ။
သကြားပျော်သွားပြီး ကျောက်ကျောမှုန့်ပျော်ဝင်သွားပြီဆိုရင် အအေးခံမယ့် ဗန်းထဲကို နဲနဲချင်းထည့်လိုက်ပါ။ ပြီးနောက် အသင့်လှီးထားတဲ့ ပင်ပွားကျောက်ကျောထည့်လိုက်ပါ။ နဲနဲလေးအေးလာအောင်စောင့်ပြီးမှ နောက်ထပ် ကျောက်ကျောရည်ထပ်ထည့်လိုက်ပါ။ ပင်ပွားကျောက်ကျော တုံးလေးတွေ ထပ်ထည့်လိုက်ပါ။ နောက်ဆုံး ကျောက်ကျောရည်ရော ပင်ပွားကျောက်ကျောတုံးလေးတွေပါ ကုန်တဲ့အထိ တစ်လှည့်စီ ထည့်လိုက်ပါ။
ကျောက်ကျောရည်အတွက်တော့ မိမိ နှစ်သက်ရာ အပြာ၊ အစိမ်း၊ အ၀ါ ၊ ပန်းရောင် အသုံးပြုနိုင်ပါတယ်၊ မီးဖိုပေါ်က ချတဲ့အချိန်မှာ အရောင်ထည့်မွှေပေးနိုင်ပါတယ်။
ပြီးရင်တော့ အရောင်ရော အရသာပါကောင်းလွန်းလှတဲ့ ပင်ပွားကျောက်ကျောလေးကို အချိုတည်းနိုင်ပါတယ်။



