Myanmar



မြန်မာအပါအဝင် ၅ နိုင်ငံမှဆန် အင်ဒိုနီးရှား ဝယ်ယူမည်

မြန်မာအပါအဝင် ၅ နိုင်ငံမှဆန် အင်ဒိုနီးရှား ဝယ်ယူမည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

အင်ဒိုနီးရှားမှ နိုင်ငံပိုင်လုပ်ငန်း ထောက်ပံ့ပို့ဆောင်ရေး အေဂျင်စီ Logistics Affairs Agency (Bulog) သည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအထိ ဆန်တန်ချိန် ၃ သန်း တင်သွင်းရန်အတွက်  နိုင်ငံငါးနိုင်ငံထံမှ ဝယ်ယူရန် ရည်မှန်းထားသည်။

Bulog သည် ဆန်တန်ချိန် နှစ်သန်းဝယ်ယူရန် ခွင့်ပြုမိန့် ပါမစ်ရထားသည်။

လျာထားသည့် ၅ နိုင်ငံသည် ၂၀၂၂ ခုနှစ်တွင် အင်ဒိုနီးရှားသို့ ဆန်တင်ပို့ခဲ့သည့် နိုင်ငံများဖြစ်သည်။ 

၎င်း ၅ နိုင်ငံမှာ မြန်မာ၊ ဗီယက်နမ်၊ ထိုင်း၊ ပါကစ္စတန်နှင့် အိန္ဒိယ တို့ဖြစ်သည်ဟု Bulog ဥက္ကဋ္ဌ ဒါရိုက်တာ Budi Waseso က ပြောကြားသည်။

အဆိုပါနိုင်ငံများနှင့် အရောင်းအဝယ်စာချုပ်များ လက်မှတ်ရေးထိုးသွားမည်ဟု ၎င်းက ပြောကြားသည်။

ပြည်တွင်း ဆန်လက်ကျန်အပေါ် မူတည်ပြီး တစ်သုတ်ပြီး တစ်သုတ် တင်သွင်းသွားမည်ဟု ၎င်းက ပြောကြားသည်။

Source voi ideconomy

 


ယခင်ကနဦးဖော်ပြချက် 

အင်ဒိုနီးရှား ဆန်တန်ချိန် နှစ်သန်း ယခုနှစ်မကုန်ခင် တင်သွင်းမည်

https://www.foodindustrydirectory.com.mm/food-industry/fruits-vegetables/item/6022


TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Read times Last modified on Monday, 10 April 2023 14:13
Rate this item
(0 votes)