Myanmar



မန္တလေးဈေးကွက် စားသုံးဆီနှင့် ဆီထွက်သီးနှံ ဈေးနှုန်းများ အခြေအနေ

မန္တလေးဈေးကွက်  စားသုံးဆီနှင့် ဆီထွက်သီးနှံ ဈေးနှုန်းများ အခြေအနေ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

မန္တလေးပွဲစားကုန်သည်စက်ပိုင် ကထိန်တော်အသင်းတွင် မြေပဲ(လုံးဆံ)မှာ မိုးမြေပဲ စိုက်ချိန်နီး၍ လှောင်သမား ထုတ်ရောင်းမှုရှိခြင်းကြောင့် လုံးဆံ ၁၀၀ ပိဿာ ယခင်အပတ် အရည်အသွေး အကောင်းဆုံး ၆၈၀၀၀၀ ကျပ် မှ ၆၅၀၀၀၀ ကျပ်သို့ လည်းကောင်း ၊ ဆီဆံမှာလည်း ဆီစက်သမား အဝယ်နည်းသွားခြင်း ၊ လှောင်သမားထုတ်ရောင်းမှုရှိခြင်းကြောင့် ၁၀၀ ပိဿာ ၆၅၀၀၀၀ ကျပ် မှ ၆၃၀၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။


နှမ်းမျိုးစုံဈေးနှုန်းအနေဖြင့် တရုတ်ဝယ်လက်နည်းခြင်း ၊ လုပ်ငန်းသမား အဝယ်သာ ရှိခြင်းကြောင့် နှမ်းဖြူ ၄၅ ပိဿာ ၃၂၀၀၀၀ ကျပ် ၊ နှမ်းညိုမှာလည်း ဆီစက်သမား အဝယ် နည်းခြင်းကြောင့် ၄၅ ပိဿာ ၂၆၀၀၀၀ ကျပ် ၊ နှမ်းနက်(စမုံ) ၄၅ ပိဿာ ၂၉၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

 

ပန်းနှမ်း(သစ်)များ စတင်ဝင်ရောက်စပြုခြင်း ၊ အရည်အသွေးကောင်းခြင်းကြောင့် ၄၅ ပိဿာ ၁၇၄၀၀၀ကျပ် မှ ၁၈၀၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။


နေကြာဈေးနှုန်းအနေဖြင့် ဆီစက်သမား အဝယ်ပုံမှန်ရှိခြင်း ၊ ဆောင်းနေကြာအဝင်ရှိခြင်းကြောင့် ၂၇ ပိဿာ ၁၀၃၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

စားသုံးဆီဈေးနှုန်းများမှာလည်း မြေပဲ(လုံးဆံ)မှာ တရုတ်ဝယ်လက်နည်းခြင်း ၊ ဆောင်း မြေပဲဝင်ရောက်မှုရှိခြင်းကြောင့် ဈေးမသိမသာနိမ့်သော်လည်း ကြိတ်ခွဲနိုင်မှုအားနည်းသဖြင့်

ပဲဆီ တစ်ပိဿာ ၁၂၅၀၀ ကျပ် မှ ၁၃၅၀၀ ကျပ်သို့မသိမသာ မြင့်သွားပြီး

နှမ်းဆီတစ်ပိဿာ ၁၁၀၀၀ ကျပ် ၊

မုန်ညှင်းဆီ တစ်ပိဿာ ၁၀၀၀၀ ကျပ် ၊

နေကြာဆီတစ်ပိဿာ ၁၃၀၀၀ ကျပ် ၊

ဈေးအသီးသီးဖြင့် ရောင်းဝယ်နေသည်။

ပဲပုတ်ဆီ တစ်ပိဿာ ၅၈၀၀ ကျပ် မှ ၆၅၀၀ ကျပ်သို့ မြင့်တက်သွားသည်။

 

Source MOALI

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Friday, 28 April 2023 14:12
Rate this item
(0 votes)