Myanmar



မန္တလေးစျေးကွက်အတွင်း တရုတ်အာလူးများ စျေးကောင်းရ

မန္တလေးစျေးကွက်အတွင်း တရုတ်အာလူးများ တစ်ပိဿာလျှင် ငွေကျပ် ၂၇၀၀ ခန့်ထိ ပေါက်စျေးရှိနေကြောင်း

အောင် ကြက်သွန်နှင့် အာလူးပွဲရုံပိုင်ရှင် ကပြောပြ၍ သိရသည်။

 

ယခုလက်ရှိတွင် တရုတ်အာလူးများ မန္တလေးစျေးကွက်အတွင်း ပြန်လည်ဝင်ရောက်လာကြောင်း၊ တရုတ်အာလူးများ မန္တလေးစျေးကွက်အတွင်း အရောင်းအဝယ်ကောင်းမွန်လာခြင်းကြောင့် စျေးကောင်း ပြန်လည်ရရှိလာကြောင်း သိရသည်။

 

Rhino

Click Here >>> Rhino

 

“တရုတ်အာလူးတွေက အလုံးလဲလှပြီး အရည်အသွေးလဲ ကောင်းမွန်လာပါတယ်။ ဒါကြောင့် တရုတ်အာလူးအရောင်းအဝယ်လုပ်တဲ့ ကုန်သည်တွေမန္တလေးစျေးကွက်ထဲမှာ အဝယ်လိုက်လာပြီး စျေးကောင်းတွေ ရလာပါတယ်။ အခုလတ်တလော တရုတ်နိုင်ငံဘက်ကနေ ပြည်တွင်းကို အာလူးတင်ပို့မှုက တော်တော်လေး အားကောင်းလာပါတယ်။ တရုတ်အာလူးတွေက အခုမန္တလေးစျေးကွက်ထဲမှာ အရောင်းအဝယ်ကောင်းတဲ့အပြင် စျေးကောင်းလဲရနေပါတယ်။ နောက်ပိုင်းမှာလဲ ဒီထက်ပိုပြီး စျေးကောင်းရဖို့ အလားအလာရှိနေပါတယ်” ဟု အောင် ကြက်သွန်နှင့် အာလူးပွဲရုံပိုင်ရှင် ကပြောပြသည်။

 

မန္တလေးစျေးကွက်အတွင်း ဇန်နဝါရီလပထမပတ်က တရုတ်အာလူးစျေးနှုန်းမှာ တစ်ပိဿာလျှင် ငွေကျပ် ၂၀၀၀ ခန့်သာရှိခဲ့သော်လည်း ဇန်နဝါရီ ၂၄ ရက်ကစ၍ တရုတ်အာလူး တစ်ပိဿာလျှင် ငွေကျပ် ၂၇၀၀ ခန့်ထိ ပေါက်စျေးရှိနေပြီး စျေးကောင်းရရှိလာကြောင်း သိရသည်။

 

Join Telegram Channel >>> https://t.me/Guid4U

Source: YDNP

Myanmar Food Industry Guide

Read times Last modified on Thursday, 26 January 2023 15:25
Rate this item
(0 votes)