Myanmar
မန္တလေးဈေးကွက် ငရုတ် ကြက်သွန် နီ/ဖြူ အာလူးး ချင်း ဈေးနှုန်း အတက်အကျများ
မန္တလေးဈေးကွက် ငရုတ် ကြက်သွန် နီ/ဖြူ အာလူးး ချင်း ဈေးနှုန်း အတက်အကျများ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
19 5 2023
မန္တလေး ကိုင်းတန်းဈေးတွင် စားဖိုဆောင်သီးနှံများအနက်
ကြက်သွန်နီဈေးနှုန်းမှာ မုံရွာ ကြက်သွန်များသာ ဝင်ရောက်မှုများသဖြင့်
(ကြီး) တစ်ပိဿာ ၂၂၀၀ ကျပ် ၊
(လတ်) တစ်ပိဿာ ၂၀၀၀ ကျပ် ၊
(သေး) တစ်ပိဿာ ၁၉၀၀ ကျပ်သို့
ဈေးမသိမသာမြင့်နေသည်။
ကြက်သွန်ဖြူဈေးနှုန်းအနေဖြင့်
ကြက်သွန်ဖြူ (တရုတ်)မှာ လမ်းပန်း ဆက်သွယ်ရေး ကြောင့် အဝင်နည်းသဖြင့် တစ်ပိဿာ ၆၈၀၀ ကျပ် ၊
ကြက်သွန်ဖြူ(ရှမ်း)မှာလည်း ကြက်သွန်ဖြူ(မြေပြန့်) မဝင်သေးခြင်း ၊ ကြက်သွန်ဖြူ(တရုတ်) ဈေးမြင့်ခြင်းတို့ကြောင့် ရှမ်းမှာလည်း အရည်အသွေးပေါ်မူတည်၍ အကောင်းဆုံး ၅၈၀၀ ကျပ် မှ အနိမ့်ဆုံး ၄၂၀၀ ကျပ်ထိ ဈေးအမျိုးမျိုးဖြင့် ရောင်းဝယ်မှုရှိသည်။
အာလူးဈေးနှုန်းအနေဖြင့် အောင်ပန်းနှင့် ဟဲဟိုး မှ ဝင်ရောက်ပြီး အိုကေ ၊ အေဝမ်း အတန်းအစားမခွဲဘဲ အောင်ပန်းအာလူး တစ်ပိဿာ ၂၀၀၀ ကျပ် ၊ ဟဲဟိုး အာလူးတစ်ပိဿာ ၁၈၀၀ ကျပ်ဈေးရှိသည်။
ချင်းဈေးနှုန်းအနေဖြင့် ပင်ရင်းဒေသမှ ဘဂႅလားတင်ပို့မှုရှိ၍ ပင်ရင်းဈေးမြင့်ခြင်း ၊ လက်ကျန်နည်းခြင်း ၊ ချင်းသစ်မဝင်သေးခြင်းကြောင့် ယခင်အပတ် တစ်ပိဿာ ၄၀၀၀ ကျပ် မှ ၄၈၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။
Source MOALI
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U



