Myanmar



မန္တလေး ပဲမျိုးစုံဈေးကွက် ဈေးနှုန်းအတက်အကျ အခြေအနေ

မန္တလေး  ပဲမျိုးစုံဈေးကွက် ဈေးနှုန်းအတက်အကျ အခြေအနေ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

19 5 2023

 

 မန္တလေး ပွဲစားကုန်သည်စက်ပိုင် ကထိန်တော်အသင်းတွင် ပဲမျိုးစုံဈေးနှုန်းမှာ မတ်ပဲမှာ အဝင်နည်းသွားခြင်း ၊ ရန်ကုန်ဝယ်လက်ရှိခြင်းတို့ကြောင့် ယခင်အပတ် ၆၀ ပိဿာ အရည်အသွေး အကောင်းဆုံး ၂၁၂၀၀၀ ကျပ် မှ ယခုအပတ် ၂၁၈၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

   

ပဲတီစိမ်းဈေးနှုန်းမှာ ဆောင်းပဲလက်ကျန်နည်းခြင်း ၊ မိုးပဲစတင်စိုက်ပျိုးရန် ပြင်ဆင်စဖြစ် ၍ အရောင်းအဝယ်အေးသော်လည်း အရည်အသွေးအကောင်းဆုံး ယခင်အပတ် ၁၉၈၀၀၀ ကျပ် မှ အညံ့ဆုံး ၂၀၅၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

    

ပဲတီစိမ်း(လမ်း) နှင့် ပဲတီစိမ်း(ခရမ်း)မှာ အရောင်းအဝယ်ဖြစ်မှုနည်းခြင်းကြောင့် ယခင် အပတ် ဈေးအတိုင်း ပဲတီစိမ်း(လမ်း) ၅၆.၂၅ ပိဿာ အရည်အသွေးအကောင်းဆုံး ၂၁၅၀၀၀ ကျပ် ၊ ပဲတီစိမ်း(ခရမ်း) ၂၂၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

     

ပဲစဉ်းငုံ(ဖြူ/နီ)တို့မှာ လက်ကျန်နည်းခြင်း ၊ စတင်စိုက်ပျိုးရန်ပြင်ဆင်စဖြစ်ခြင်း ၊ ရန်ကုန် ဝယ်လက်ရှိခြင်းတို့ကြောင့် ပဲစဉ်းငုံ(ဖြူ) ၆၀ ပိဿာ ယခင်အပတ် ၂၂၀၀၀၀ ကျပ် မှ ယခုအပတ် ၂၃၅၀၀၀ ကျပ် ၊ ပဲစဉ်းငုံ(နီ) ၆၀ ပိဿာ ၂၃၈၀၀၀ ကျပ် မှ ၂၄၅၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

     

ပဲပုတ်(ရှမ်း/မြန်မာ)တို့မှာ အဝင်ပုံမှန်ရှိသော်လည်း လုပ်ငန်းသမားနှင့် ဆီစက်သမား အဝယ်နည်းခြင်းကြောင့် အရောင်းအဝယ်အေးကာ ပဲပုတ်(မြန်မာ) ၅၃.၂၅ ပိဿာ ၂၁၀၀၀၀ ကျပ် ၊ ပဲပုတ်( ရှမ်း) မှာ မိုးညှင်း ဘက်မှ ဝင်ရောက်သော ပဲပုတ်(ရှမ်း)မှာ ၁၄၅၀၀၀ ကျပ် ၊ မိုးမိတ် ပဲပုတ်မှာ ၂၄၃၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

     

ကုလားပဲဈေးနှုန်းအနေဖြင့် ကုလားပဲ(လုံးဖြူကြီး)မှာ စိုက်ဧကနည်း ၊ အထွက်နည်း ၊ အဝင်နည်းခြင်း ၊ လုပ်ငန်းသမား  ပဲကြော်/လှော်သမား ပုံမှန်ဝယ်ယူခြင်း ၊ ရန်ကုန်ဝယ်လက် ရံဖန်ရံခါ ရှိခြင်းကြောင့် ၅၇.၂၅ ပိဿာ ၂၂၁၀၀၀ ကျပ် မှ ၂၃၂၀၀၀ ကျပ်သို့လည်းကောင်း ၊ လုံးဝါကြီးမှာလည်း ခွဲစက်သမား ၊ လုပ်ငန်းသမား အဝယ်များခြင်းကြောင့် ၂၀၈၀၀၀ ကျပ် မှ ၂၁၈၀၀၀ ကျပ်သို့ ဈေးသိသိသာသာ မြင့်သွားသည်။ လုံးဝါကြီး ဈေးမြင့်သဖြင့် ခွဲခြမ်းဈေးမှာလည်း တစ်ပိဿာ ၅၀၅၀ ကျပ် မှ ၅၂၅၀ ကျပ် သို့ ဈေးမြင့်သွားသည်။

    

ပဲယင်း ၊ မြေတောက်ပဲ ၊ ပဲလွန်းဖြူ ၊ ပဲလွန်းပြာတို့မှာ အရောင်းအဝယ်အေးခြင်းကြောင့် 

ပဲယင်း ၆၀ ပိဿာ ၁၅၀၀၀၀ ကျပ် ၊ 

မြေတောက်ပဲ ၅၄ ပိဿာ ၂၈၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

 

ပဲလွန်းဖြူ/ပြာတို့မှာ လက်ကျန်များ ၊ မိုးစိုက်ပြင်ဆင်ချိန်ဖြစ်ခြင်း ၊ အရောင်းအဝယ်အေးခြင်းကြောင့် 

ပဲလွန်းဖြူ ၆၀ ပိဿာ ၁၅၀၀၀၀ ကျပ်  ၊ 

ပဲလွန်းပြာ ၅၄.၂၅ ပိဿာ ၁၃၀၀၀၀ ကျပ်ဖြင့် 

ဈေးတည်ငြိမ်နေသည်။

     

ပဲကြီး(ကြီး/သေး) ၊ ထောပတ်ပဲ(ကြီး/သေး) တို့မှာ ပစ္စည်းကောင်းရှားခြင်း ၊ ရန်ကုန်ဝယ်လက် ရံဖန်ရံခါရှိခြင်း ၊ လုပ်ငန်းသမား ပုံမှန်ဝယ်ယူမှုရှိခြင်းကြောင့် 

ပဲကြီး(ကြီး) ၅၅.၂၅ ပိဿာ ၂၆၅၀၀၀ ကျပ် မှ  ၂၇၅၀၀၀ ကျပ် ၊ 

ပဲကြီး(သေး) ၂၄၅၀၀၀ ကျပ် မှ ၂၅၀၀၀၀ ကျပ် ၊ 

ထောပတ်ပဲ(ကြီး) ၅၆.၂၅ ပိဿာ ၂၅၀၀၀၀ ကျပ် မှ ၂၆၀၀၀၀ ကျပ် ၊ 

ထောပတ်ပဲ(သေး) ယခင်အပတ် ၂၂၀၀၀၀ ကျပ် မှ ယခုအပတ် ၂၃၀၀၀၀ ကျပ်သို့ 

ဈေးအသီးသီးမြင့်သွားသည်။

     

စားတော်ပဲ(ကျွန်း)မှာ စိုက်ဧကနည်း ၊ အထွက်နည်း ၊ အဝင်နည်းခြင်း ၊ လက်လီသမား ပုံမှန်ဝယ်ယူခြင်းကြောင့် ၅၉.၂၅ ပိဿာ ယခင်အပတ် ၃၄၅၀၀၀ ကျပ် မှ ယခုအပတ် အရည်အသွေးပေါ်မူတည်၍  အနိမ့်ဆုံး ၃၃၀၀၀၀ ကျပ် မှ အကောင်းဆုံး ၃၇၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

Source MOALI

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Read times Last modified on Friday, 19 May 2023 11:51
Rate this item
(0 votes)