Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာစတိုင် အီကြာကွေး အစာသွပ်ကြာ်

အီကြာကွေးကို ပဲပြုတ်၊ လက်ဖက်ရည် သို့မဟုတ် လက်ဖက်ရည် တို့ဖြင့် တွဲစားကြတဲ့လူများပါတယ်။ ဒီလို အီကြာကွေး အစာသွပ်ကြော်ကို လုပ်စားဖို့အတွက် အောက်တွင် လမ်းညွှန်ပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းတွေကတော့ အီကြာကွေး၊ ကြက်သား၊ မှိုခြောက်၊ ပဲငံပြာရည်၊ ခရုဆီ၊ ဆား၊ သကြား၊ နှမ်းဆီ၊ နှမ်းတို့လိုအပ်ပါမယ်။

 

အီကြာကွေးအစာသွပ်ကြော် ပြုလုပ်နည်းကတော့ နုပ်နုပ်စဉ်းထားသော ကြက်သားကို ပဲငံပြာရည်၊ ခရုဆီ၊ ဆား၊ သကြား၊ နှမ်းဆီတို့ဖြင့် ခွက်တစ်ခုထဲမှာ ရောနယ်လိုက်ပါ။

 

ပြီးလျှင် ဒယ်အိုးထဲဆီထည့်ပြီး ရောနယ်ထားသော ကြက်သားများကို ထည့်လိုက်ပါ။

 

ကြက်သား ဆီပြန်လာလျှင် လှီးထားသော မှိုခြောက်များကို ထည့်ပြီး အသားနူးစေရန်အတွက် ရေအနည်းငယ် ထည့်လိုက်ပါ။

 

ပြီးနောက် ကြက်သားဆီပြန်လာလျှင် အရသာအပေါ့အငံမြည်း၍ ပန်းကန်တစ်ခုထဲထည့်ကာ ပြန်ဖယ်ပေးထားပါ။

 

အီကြာကွေး အစာသွပ်ပြုလုပ်တော့မည်ဆိုပါက အီကြာကွေး တစ်ချောင်းကို တစ်ဝက်ဝက်၍ အစာသွပ်နိုင်ရန် အပေါက်ကို ကျယ်ကျယ်လုပ်ပြီး ချက်ထားသော ကြက်သားများကို အီကြာကွေး ထဲသို့ အစာသွပ်ပေးပါ။

 

ပြီးလျှင် အစာသွပ်ထားသည်များ ပြန်မထွက်စေရန် သွားကြားထိုးတံဖြင့် ပြန်ပိတ်ထားပေးပါ။

 

ပြီးနောက် ဒယ်အိုးထဲ ဆီထည့်၍ ဆီပူလာလျှင် သွားကြားထိုးတံကိုဖြုတ်ပြီး အီကြာကွေးများကို မိနစ်အနည်းငယ်ကြာအောင် ကြွပ်ရုံလေး ပြန်ကြော်ပေးလိုက်ပါ။

 

အီကြာကွေးများ ပြန်ကြော်ပြီးရင်တော့ အီကြာကွေးကို အရွယ်တော်လေးတွေ လှီးပေးပြီး အပေါ်မှ နှမ်းလေးများ ဖြူး၍ ဒီအတိုင်းပဲ အဆာပြေစားစား ထမင်းပူပူလေးဖြင့်လည်း မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

 

 

Read times Last modified on Monday, 01 October 2018 17:37
Rate this item
(1 Vote)