Myanmar
မန္တလေး ဟင်းသီးဟင်းရွက်နှင့် အသီး ဈေးနှုန်းအတက်အကျ အခြေအနေ
မန္တလေး ပဲမျိုးစုံဈေးကွက် ဈေးနှုန်းအတက်အကျ အခြေအနေ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
19 5 2023
မန္တလေး သီရိမာလာဈေးပွဲရုံများတွင် ဟင်းသီး/ရွက်ဈေးနှုန်းအနေဖြင့် နောင်ချို ၊ ကျောက်မဲမှ ဝင်ရောက်သော ခရမ်းချဉ် တစ်ပိဿာ ၁၈၀၀ ကျပ် ၊ အင်းသီး ၂၀ ပိဿာ တစ်သေတ္တာ ၂၀၀၀၀ ကျပ်ဖြင့် ရောင်းဝယ်နေသည်။ကိုင်းတန်းဈေးပွဲရုံများမှ ဝယ်ယူပြီး မြစ်ကြီးနား ၊ လုံးခင်းသို့ တင်ပို့မှုရှိသည်။
ငရုတ်စို(ရှည်နှင့်လတ်)တို့မှာ မုံရွာ ၊ ချောင်းဦး ၊ ရွှေဘိုတို့မှ ဝင်ရောက်ပြီး ရာသီဥတု ကြောင့် ခူးဆွတ်နိုင်မှုနည်း ၊ အဝင်နည်းခြင်းကြောင့် ပစ္စည်းရှားကာ ငရုတ်စို(ရှည်) တစ်ပိဿာ ၇၀၀၀ ကျပ် ၊ ငရုတ်စို(လတ်) တစ်ပိဿာ ၁၀၀၀၀ ကျပ် မှ ၁၂၀၀၀ ကျပ် ထိ ဈေးမြင့်နေသည်။
ပြင်ဦးလွင် မှ ဂေါ်ဖီတစ်ထုပ် ၁၂၀၀ ကျပ် မှ ၁၅၀၀ ကျပ် ၊ ပန်းမုံလာ တစ်ပွင့် ၈၀၀ ကျပ် ၊ မုံလာဥနီ တစ်ပိဿာ ယခင်အပတ် ၁၅၀၀ ကျပ် မှ ယခုအပတ် ၁၈၀၀ ကျပ် ထိ ဈေးမြင့်သွားသည်။
ပြင်ဦးလွင် ၊ မုံရွာ ဘက်မှ ဘိုစားပဲသီး အဝင်နည်းခြင်းကြောင့် တစ်ပိဿာ ၂၃၀၀ ကျပ် ဈေးရှိသည်။
ခရမ်းသီးများ ကျောက်ဆည် ၊ အောင်ပန်း မှ ဝင်ရောက်ပြီး ကျောက်ဆည် ခရမ်းသီး တစ်ပိဿာ ၇၀၀ ကျပ် ၊ အောင်ပန်း ခရမ်းသီး တစ်ပိဿာ ၁၂၀၀ ကျပ်ထိ ဈေးမြင့်နေသည်။
သစ်သီးဝလံဈေးနှုန်းအနေဖြင့်
ပန်းသီး(အိတ်စွပ်)အလုံး ၅၀ ပါ တစ်ခြင်း ၆၀၀၀၀ ကျပ်ဈေးရှိသည်။
ရမည်းသင်းစပျစ်သီး တစ်ပိဿာ အဝင်များလာသဖြင့် ၆၀၀၀ ကျပ် မှ ၄၅၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။
စိန်တစ်လုံးသရက်သီးများ လှိုင်လှိုင်ဝင်ရောက်သော်လည်း အရည်အသွေးပေါ်မူ တည်၍ တစ်လုံး ၃၀၀ ကျပ် မှ ၆၀၀ ကျပ်ထိ ဈေးအမျိုးမျိုးဖြင့် လက်လီသမား အဝယ်များနေသည်။
သခွားမွှေး (ပိုက်သခွား) ၄လုံး တစ်ဖာလျှင် ၈၀၀၀ ကျပ် မှ ၁၀၀၀၀ ကျပ်ထိ ဈေးရှိပြီး အမှာရှိသော မန္တလေးဝန်းကျင် မူဆယ်သို့ တင်ပို့မှုရှိသည်။
မန္တလေးဝန်းကျင် ၊ ဆားတောင် တို့မှ သဘောႅသီးများ ဝင်ရောက်ပြီး အရည်အသွေးပေါ်မူတည်၍ တစ်လုံး ၁၅၀၀ ကျပ် မှ ၂၅၀၀ ကျပ်ထိ ဈေးမြင့်နေသည်။
Source MOALI
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U



