Myanmar



မန္တလေးဈေးကွက် ကြက်သွန် နီ/ဖြူ အာလူးး ချင်း ဈေးနှုန်း အတက်အကျများ

မန္တလေးဈေးကွက် ငရုတ် ကြက်သွန် နီ/ဖြူ အာလူးး ချင်း ဈေးနှုန်း အတက်အကျများ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

1 6 2023

မန္တလေး ကိုင်းတန်းဈေးတွင်

ကြက်သွန်နီ ဈေးနှုန်းမှာ မုံရွာဒေသမှ ဝင်ရောက်ခြင်း ၊ ဝင်ရောက်မှုများခြင်း ၊ နယ်ဝေးအမှာ တင်ပို့ရမှုနည်းခြင်းကြောင့်
(ကြီး) နှင့် (လတ်) တစ်ပိဿာ ၂၁၀၀ ကျပ် ၊
(သေး) တစ်ပိဿာ ၁၈၀၀ ကျပ်ဖြင့်
ဈေးတည်ငြိမ်နေသည်။

ကြက်သွန်ဖြူ(တရုတ်)မှာ အဝင်ပုံမှန်ရှိသော်လည်း နယ်ဝေးတင်ပို့ရမှုနည်းခြင်း ၊ မြို့တွင်းစားသုံးမှုသာရှိခြင်းကြောင့် တစ်ပိဿာ ၇၂၀၀ ကျပ် မှ ၆၈၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။

 

ကြက်သွန်ဖြူ(မြေပြန့်)မှာ ဈေးကွက်အတွင်း အဝင်နည်းသဖြင့် ၇၀၀၀ မှ ၈၀၀၀ ကျပ်ဈေးရှိသည်။

 

ကြက်သွန်ဖြူ(ရှမ်း)မှာ အရည်အသွေးပေါ်မူတည်၍ အနိမ့်ဆုံး ၄၅၀၀ ကျပ် မှ အမြင့်ဆုံး ၆၀၀၀ ကျပ်ဈေးရှိသည်။

အာလူးဈေးနှုန်းအနေဖြင့် အောင်ပန်းဒေသတစ်ခုထဲမှ ဝင်ရောက်ပြီး အတန်းအစား မခွဲခြားဘဲ တစ်ပိဿာ ၂၄၀၀ ကျပ်ဖြင့် ရောင်းဝယ်နေသည်။

ချင်းဈေးနှုန်းမှာ ပင်ရင်းဒေသမှ ဘဂႅလားသို့ တင်ပို့မှုရှိခြင်းကြောင့် ပင်ရင်းဈေးမြင့်ပြီး တစ်ပိဿာ ၅၅၀၀ ကျပ် ၊ ဥမ ၄၀၀၀ ကျပ် ဈေးဖြင့် မြို့တွင်းသုံး နှင့် နယ်ဝေးတင်ပို့ရမှုရှိသည်။

 

 

 Source MOALI

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

 

Read times Last modified on Friday, 02 June 2023 11:01
Rate this item
(0 votes)