Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ဆီထွက်+ စားဖိုဆောင်သီးနှံများ မန္တလေးဈေးကွက် အခြေအနေ

ဆီထွက်သီးနှံများအနေဖြင့် မြေပဲ(လုံးဆန်/ဆီဆန်) မှာ ဆောင်းလက်ကျန်နည်းခြင်း၊ မိုးမြေပဲစိုက်ထားဆဲဖြစ်ခြင်းကြောင့်

၁၀၀ ပိဿာ၂၅၀,၀၀၀ ကျပ်မှ ၂၆၅,၀၀၀ ကျပ်သို့အရောင်းအဝယ်ဖြစ်မှု ပုံမှန်ဖြစ်သော်လည်း ဈေးမြင့်နေပါသည်။

နှမ်း (ဖြူနှင့်ညို) မှာ ဆောင်းနှမ်းလက်ကျန် နည်းခြင်း ၊ မိုးနှမ်းစိုက်ထားဆဲဖြစ်သော်လည်း တရုတ်ဝယ်လက် နည်းခြင်းကြောင့် နှမ်းဖြူ ၁၁၆,၅၀၀ ကျပ်မှ ၁၂၁,၀၀၀ ကျပ် ၊ နှမ်းညို ၉၂,၅၀၀ ကျပ် မှ ၉၂,၈၃၀ ကျပ် သို့ ဈေးမသိမသာမြင့်နေပါသည်။

ပန်းနှမ်းမှာ စတင်စိုက်ပျိုးရန် ပြင်ဆင်စဖြစ်၍ လက်ကျန်နည်းခြင်း ၊ ဆီစက်သမားဝယ်ယူမှုရှိခြင်းကြောင့် ၄၅ ပိဿာ ၇၈,၀၀၀ ကျပ် မှ ၉၀,၀၀၀ ကျပ်သို့ ဈေးမြင့်နေပါသည်။

နေကြာဈေးနှုန်းအနေဖြင့် အထွက်နည်း၊ အဝင်နည်းခဲ့ခြင်း ၊ မိုးနေကြာမထွက်သေးခြင်း ၊ နေကြာဆီသုံးစွဲမှုများလာ၍
ဆီစက်သမား အဝယ်များခြင်းကြောင့်၂၇ ပိဿာ ၅၂,၀၀၀ ဖြင့် ဈေးငြိမ်နေပါသည်။

 

သီးနှံ မန္တလေးဈေးကွက်အခြေအနေ

မန္တလေးကိုင်းတန်းဈေးအတွင်း စားဖိုးဆောင်သီးနှံများအနေဖြင့် ကြက်သွန်နီ ဈေးနှုန်းများအနေဖြင့် မုံရွာ ၊ မြစ်သား ဒေသစုံမှ ဝင်ရောက်မှုရှိပြီး မြို့တွင်းသုံးမျှသာ ရှိခြင်း ၊ လားရှိုး ၊တန့်ယန်း စသော ဒေသများသို့ တင်ပို့ရမှုမရှိဘဲ ထွက်ရှိရာဒေသများမှ တိုက်ရိုက်တင်ပို့မှုရှိခြင်းကြောင့် ဈေးကွက်အတွင်းမှ ဝယ်ယူမှုမရှိခြင်း ၊ တရုတ် နှင့် အခြားပြည်ပ တင်ပို့မှု မရှိခြင်းတို့ကြီး ၁ ပိဿာ ၄၅၀ ကျပ် ၊ လတ် တစ်ပိဿာ ၄၀၀ ကျပ် ၊ သေး တစ်ပိဿာ၂၀၀ကျပ်ဖြင့် ဈေးငြိမ်နေပါသည်။

အာလူး အိုကေ ၊ အေဝမ်း ၊ ဆွဲ တို့မှာ အောင်ပန်းဒေသတစ်ခုထဲမှသာ ဝင်ရောက်ခြင်း၊ တရုတ်အာလူး ၊ ပခုက္ကူ ၊ ပြင်ဦးလွင်တို့မှ ဝင်ချိန်မဟုတ်ခြင်း၊ မြို့တွင်းစားသုံးမှုများခြင်းတို့ကြောင့်
အိုကေ တစ်ပိဿာ ၉၀၀ ကျပ် ၊ အေဝမ်း တစ်ပိဿာ ၇၀၀ ကျပ် ၊ ဆွဲ တစ်ပိဿာ ၅၀၀ ကျပ်ဖြင့် ရောင်းဝယ်နေပါသည်။

ကြက်သွန်ဖြူ (တရုတ်) မှာ လမ်းပန်းအခက်အခဲကြောင့် အဝင်နည်းသဖြင့် တစ်ပိဿာ ၅,၀၀၀ ကျပ်ထိ ဈေးမြင့်နေပါသည်။ကြက်သွန်ဖြူ (ရှမ်း နှင့် မြေပြန့်) မှာ အရည်အသွေးပေါ်မူတည်၍ ကြက်သွန်ဖြူ (ရှမ်း) တစ်ပိဿာ အနည်းဆုံး ၂၀၀၀ ကျပ် မှ အများဆုံး ၂,၅၀၀ ကျပ်ထိ ဈေးမြင့်နေပြီး ကြက်သွန်ဖြူ (မြေပြန့်) မှာ အနိမ့်ဆုံး ၁,၅၀၀ ကျပ် မှ ၃,၀၀၀ ကျပ် ထိဈေးအသီးသီးဖြင့် ရောင်းဝယ်နေပါသည်။၏

ချင်းဈေးနှုန်းအနေဖြင့် ပြည်ပတင်ပို့ရန်ဝယ်ယူမှုနည်းခြင်း ၊ မြို့တွင်း သုံးစွဲမှု ပုံမှန်ဖြစ်ခြင်းကြောင့် တစ်ပိဿာလျှင်၁,၀၀၀ ကျပ် ၊ အခက်ကြီး ၁,၆၀၀ ကျပ်ဖြင့် ရောင်းဝယ်နေကြပါသည်။

 

Source: Market Information Service- DOP- MOALI

Read times Last modified on Tuesday, 07 September 2021 22:47
Rate this item
(0 votes)