Myanmar



မန္တလေးဈေးကွက် စားသုံးဆီနှင့် ဆီထွက်သီးနှံ ဈေးနှုန်းများ အခြေအနေ

မန္တလေးဈေးကွက်  စားသုံးဆီနှင့် ဆီထွက်သီးနှံ ဈေးနှုန်းများ အခြေအနေ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

1 6 2023


မန္တလေးဈေးကွက်တွင် ဆီဈေးနှုန်းများအနေဖြင့်

ပဲဆီ တစ်ပိဿာ ၁၂၅၀၀ ကျပ် မှ ၁၃၅၀၀ ကျပ် ၊

နှမ်းဆီ တစ်ပိဿာ ၁၀၀၀၀ ကျပ် ၊

ပဲပုတ်ဆီ ၅၈၀၀ ကျပ် မှ ၆၅၀၀ ကျပ် ၊

နေကြာဆီ တစ်ပိဿာ ၁၂၀၀၀ ကျပ် မှ ၁၃၀၀၀ ကျပ် ၊

စားအုန်းဆီ တစ်ပိဿာ ၆၇၀၀ ကျပ်ဖြင့်

ဈေးတည်ငြိမ်နေသည်။


မန္တလေး ပွဲစားကုန်သည်စက်ပိုင်ကထိန်တော်အသင်းတွင် ဆီထွက်သီးနှံများအနက်

မြေပဲ(လုံးဆံ/ဆီဆံ)ဈေးနှုန်းမှာ မိုးမြေပဲစိုက်ရန် မျိုးအတွက် ဝယ်ယူမှုရှိခြင်း ၊ ဆောင်းလက် ကျန်နည်းခြင်း ၊ လုပ်ငန်းသမား ၊ စက်သမား အဝယ်ပုံမှန်ရှိခြင်းကြောင့် မြေပဲ(လုံးဆံ) ၁၀၀ ပိဿာ ယခင်အပတ် အရည်အသွေးအကောင်းဆုံး ၆၇၅၀၀၀ ကျပ် မှ ယခုအပတ် ၇၀၀၀၀၀ ကျပ်သို့လည်းကောင်း ၊
မြေပဲ(ဆီဆံ) ၁၀၀ ပိဿာ ၆၄၅၀၀၀ ကျပ် မှ ယခုအပတ် ၆၇၀၀၀၀ ကျပ်သို့ ဈေးအသီးသီးမြင့်သွားသည်။

နှမ်းမျိုးစုံဈေးနှုန်းများအနေဖြင့် ဆောင်းလက်ကျန်နည်းခြင်း ၊ နွေနှမ်းမဝင်သေးခြင်း ၊ လုပ်ငန်းသမား ၊ တရုတ်သမား အဝယ်ရှိခြင်းကြောင့်

နှမ်းဖြူ ၄၅ ပိဿာ ယခင်အပတ် ၃၃၀၀၀၀ ကျပ် မှ ၃၄၀၀၀၀ ကျပ် သို့ ဈေးမသိမသာမြင့်သွားသည်။

နှမ်းညိုမှာ အသစ်အဝင်ရှိခြင်း ၊ ဆီစက်သမား ဝယ်ယူမှုပုံမှန်ရှိခြင်းကြောင့် ၄၅ ပိဿာ ၂၉၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

နှမ်းနက်(စမုံ)မှာ အသစ်ဝင် ချိန်နီးခြင်း ၊ အရောင်းအဝယ်အေးခြင်းကြောင့် ၄၅ ပိဿာ အရည်အသွေးအကောင်းဆုံး ၃၄၅၀၀၀ ကျပ် မှ ၃၃၂၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။

ပန်းနှမ်းမှာ စိုက်ဧကနည်း ၊ အထွက်နည်း ၊ အဝင်နည်းခြင်း ၊ရောဆီအတွက် ဆီစက် သမား အဝယ်ရှိခြင်းကြောင့် ၄၅ ပိဿာ ၂၀၅၀၀၀ ကျပ် မှ ၂၁၅၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

နေကြာမှာလည်း ဆီစက်သမား အဝယ်ပုံမှန်ရှိခြင်း ၊ ဆောင်းလက်ကျန်နည်းခြင်း ၊ မိုးနေကြာ စိုက်ပျိုးစဖြစ်ခြင်းကြောင့် ၂၇ ပိဿာ ၁၀၃၀၀၀ ကျပ် မှ ၁၀၅၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

Source MOALI

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Friday, 02 June 2023 10:59
Rate this item
(0 votes)