Myanmar



မန္တလေးဈေးကွက် ဆန်ဈေးနှုန်းများ အခြေအနေ

မန္တလေးဈေးကွက် ဆန်ဈေးနှုန်းများ အခြေအနေ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

12 5 2023

မန္တလေးဈေးကွက်တွင် ဆန်ဈေးနှုန်းအတက်အကျများမှာ

 

ရန်ကုန်ပေါ်ဆန်းမှာ စတင်စိုက်ပျိုးရန် ပြင်ဆင်ချိန်ဖြစ်၍ လက်ကျန်နည်း ၊ ပစ္စည်းရှားသဖြင့် တစ်အိတ် ၈၀၀၀၀ ကျပ် မှ ၉၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

 

ရွှေဘိုပေါ်ဆန်းမှာ ဈေးမြင့်သဖြင့် စားသုံးမှုနည်း ၊ အရောင်းအဝယ်အေးသဖြင့် တစ်အိတ် ၁၀၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

ငစိန်ဆန်မှာ ရန်ကုန်မှတစ်ဆင့် ဝယ်ယူရသော ဆန်ဖြစ်၍ အဝင်ပုံမှန် ၊ စားသုံးမှုပုံမှန်ဖြစ်၍ တစ်အိတ် ၆၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

 

ဇီယာဆန်မှာ စားသုံးရန် ဝယ်ယူမှုနည်းပြီး ပင်ရင်းဒေသမှ လှောင်သမား ထုတ်ရောင်းမှုရှိသဖြင့် တစ်အိတ် ၆၅၀၀၀ ကျပ် မှ ၆၂၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။

မနောသုခဆန်မှာ အဝင်ပုံမှန် ၊ စားသုံးမှုပုံမှန်ဖြစ်ခြင်းကြောင့် တစ်အိတ် ၆၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

 

ဧရာမင်းဆန်မှာ စတင်စိုက်ပျိုးရန် ပြင်ဆင်စဖြစ်၍ လှောင်သမား ထုတ်ရောင်းမှုရှိခြင်းကြောင့် တစ်အိတ် ၉၀၀၀၀ ကျပ် မှ ၈၅၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။

 

သယ်ယူပို့ဆောင်သော ကားခအနေဖြင့် ရန်ကုန် မှ မန္တလေး တစ်အိတ် ၂၈၀၀ ကျပ် ၊ ရွှေဘို မှ မန္တလေး ကားခတစ်အိတ် ၁၀၀၀ ကျပ် မှ ၁၅၀၀ ကျပ် ရှိကြောင်း သိရသည်။

Source MOALI

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Friday, 12 May 2023 07:51
Rate this item
(0 votes)