Myanmar



မန္တလေးဈေးကွက် ဆန်ဈေးနှုန်းများ အခြေအနေ

မန္တလေးဈေးကွက် ဆန်ဈေးနှုန်းများ အခြေအနေ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

22 June 2023

 

မန္တလေးကိုင်းတန်းဈေးတွင် ဆန်ဈေးနှုန်း အတက်အကျ အခြေအနေများမှာ

ရန်ကုန်ပေါ်ဆန်း ရွှေဘိုပေါ်ဆန်းတို့မှာ မြို့တွင်းသုံးဝယ်ယူမှုနည်းပြီး အရောင်းအဝယ် အေးခြင်းကြောင့်

ရန်ကုန်ပေါ်ဆန်းတစ်အိတ် ၉၈၀၀၀ ကျပ် မှ ၉၆၀၀၀ ကျပ်သို့လည်းကောင်း၊

ရွှေဘိုပေါ်ဆန်း တစ်အိတ် ၁၀၅၀၀၀ ကျပ်မှ ၁၀၄၀၀၀ ကျပ်သို့လည်းကောင်း

ဈေးမသိမသာနိမ့်သွားသည်။

 

မနောသုခဆန်မှာ လည်း မြို့တွင်းစားသုံးမှုနည်းခြင်း၊ နွေစပါးပေါ်ချိန်နီးခြင်းကြောင့် ယခင်အပတ်တစ်အိတ် ၈၀၀၀၀ ကျပ်မှ ၇၅၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။

 

ဇီယာနှင့် ငစိန်မှာ ရန်ကုန်ဈေးကွက်မှတဆင့် ဝယ်ယူရသောဆန်ဖြစ်ခြင်း၊ တရုတ်ဝယ်လက်ရှိ ခြင်း၊ လုပ်ငန်းသမားအဝယ်ရှိသည်။ 

ဇီယာတစ်အိတ် ၇၂၀၀၀ ကျပ်မှ ၇၅၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

ငစိန်ဆန်တစ်အိတ် ၅၈၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

 

ဧရာမင်းဆန်မှာ အသစ်စိုက်ပျိုးစအချိန်ဖြစ်ခြင်းကြောင့် လှောင်သမားထံမှဝယ်ရခြင်း၊ စိုက် ဧကနည်း အထွက်နည်းခြင်းကြောင့် တအိတ်လျှင် ၉၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

Source MOALI

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Saturday, 24 June 2023 09:03
Rate this item
(0 votes)