Myanmar



မန္တလေးဈေးကွက် ဆီထွက်သီးနှံ ဈေးနှုန်းများ အခြေအနေ

မန္တလေးဈေးကွက် ဆီထွက်သီးနှံ ဈေးနှုန်းများ အခြေအနေ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 30 6 2023

မန္တလေးပွဲစားကုန်သည်စက်ပိုင်ကထိန်တော်အသင်းတွင် ဆီထွက်သီးနှံများအနက် မြေပဲ(လုံးဆံ/ဆီဆံ) ဈေးနှုန်းအနေဖြင့် လုံးဆံမှာ မိုးပဲစိုက်ထားချိန်ဖြစ်ခြင်း ၊ ဆောင်းလက် ကျန်နည်းခြင်း ၊ လုပ်ငန်းသမား အဝယ်ပုံမှန်ရှိခြင်းကြောင့်

မြေပဲလုံးဆံ ၁၀၀ ပိဿာလျှင် ၆၈၀၀၀၀ ကျပ် မှ ၆၈၅၀၀၀ ကျပ်သို့လည်းကောင်း ၊

မြေပဲ ဆီဆံမှာ ဆီစက်သမား အဝယ်ပုံမှန်ရှိခြင်းကြောင့် ၁၀၀ ပိဿာလျှင် ၆၂၀၀၀၀ ကျပ် မှ ၆၃၀၀၀၀ ကျပ်သို့ အသီးသီး ဈေးမြင့်သွားသည်။

နှမ်းမျိုးစုံဈေးနှုန်းအနေဖြင့် ယခုအပတ် လုပ်ငန်းသမား အဝယ်သာရှိပြီး တရုတ်ဝယ် လက်နည်းခြင်း ၊ နွေနှမ်း နှင့် မိုးနှမ်းကြား စပ်ကူးမတ်ကူးကာလဖြစ်ခြင်းကြောင့်
နှမ်းဖြူ ၄၅ ပိဿာ ၃၄၅၀၀၀ ကျပ် ဖြင့် ဈေးတည်ငြိမ်နေသည်။

နှမ်းညိုမှာ ဆီစက်သမား အဝယ်နည်းခြင်းကြောင့် ၃၀၇၀၀၀ ကျပ် မှ ၂၉၀၀၀၀ ကျပ်သို့ ဈေးမသိမသာနိမ့်သွားသည်။

နှမ်းနက်မှာ တရုတ်ဝယ်လက် ပုံမှန်ရှိခြင်းကြောင့် ၄၅ ပိဿာ ၃၄၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေ သည်။

နှမ်းဝါလည်း ဝင်ရောက် လေ့ရှိပြီး ၄၅ ပိဿာ ၃၀၅၀၀၀ ကျပ်ဖြင့် ဈေးမြင့်နေသည်။

ပန်းနှမ်းဈေးနှုန်းအနေဖြင့် ရောဆီအဖြစ်သုံးရန် ဆီစက်သမားအဝယ်နည်းခြင်းကြောင့် ၄၅ ပိဿာ ၂၀၀၀၀၀ ကျပ် မှ ၁၉၅၀၀၀ ကျပ်သို့ ဈေးမသိမသာနိမ့်သွားသည်။

နေကြာဈေးနှုန်းအနေဖြင့် အဝင်ပုံမှန် ၊ ဆီစက်သမား အဝယ်ပုံမှန်ရှိခြင်းကြောင့် ၂၇ ပိဿာ အရည်အသွေးပေါ်မူတည်၍ ၁၀၅၀၀၀ ကျပ် မှ ၁၁၀၀၀၀ ကျပ်ဖြင့် ရောင်းဝယ်နေသည်။

Source MOALI

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Friday, 30 June 2023 17:54
Rate this item
(0 votes)