Myanmar



မန္တလေး ဟင်းသီးဟင်းရွက်နှင့် အသီး ဈေးနှုန်းအတက်အကျ အခြေအနေ

မန္တလေး  ပဲမျိုးစုံဈေးကွက် ဈေးနှုန်းအတက်အကျ အခြေအနေ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

30 6 2023

 

ဟင်းသီး/ရွက်ဈေးနှုန်းအနေဖြင့် ငရုတ်စို(ရှည်)များ တပ်ကုန်းဘက်မှ အဝင်ရှိခြင်းကြောင့် ၂၆၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။

 

ငရုတ်စို(လတ်)မှာ ပြင်ဦးလွင် နှင့် ပုသိမ်ကြီးမှ ဝင်ရောက်ပြီး တစ်ပိဿာ ၆၀၀၀ ကျပ် မှ ၅၅၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။

 

ပြင်ဦးလွင် မှ မုံလာဥနီ တစ်ပိဿာ ၂၃၀၀ ကျပ်ဈေးရှိပြီး တရုတ်မုံလာဥနီ ၆ ပိဿာ တစ်ခြင်းလျှင် ၂၄၀၀၀ ကျပ်ဈေးရှိသည်။


သစ်သီးဝလံဈေးနှုန်းအနေဖြင့် သခွားမွှေး ၊ ဖရဲသခွား များ အဝင်များလာပြီး

သခွားမွှေး ၄လုံး တစ်ဖာလျှင် အရည်အသွေးပေါ်မူတည်၍ ၈၀၀၀ ကျပ် မှ ၁၀၀၀၀ ကျပ် ၊

သဘောႅသီး တစ်လုံး အရည်အသွေးကောင်းပါက ၂၅၀၀ ကျပ်ထိ ဈေးမြင့်နေပြီး လားရှိုး ၊ မူဆယ် ၊ မြစ်ကြီးနား ၊ စစ်တွေသို့ တင်ပို့မှုရှိသည်။

 

သီပေါမှ နာနတ်သီးများ လှိုင်လှိုင် ဝင်ရောက်သော်လည်း အရည်အသွေးပေါ်မူတည်၍

တစ်လုံးလျှင် ၆၀၀ ကျပ် မှ ၁၀၀၀ ကျပ် ၊

ဂျပန်နာနတ် တစ်လုံးလျှင် ၅၀၀ ကျပ်ဈေးဖြင့်

လက်လီသမားများ ၊ နာနတ်ယိုသမားများ နှင့် အမှာရှိသောမြို့များသို့ တင်ပို့မှုရှိသည်။

Source MOALI

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Read times Last modified on Friday, 30 June 2023 18:03
Rate this item
(0 votes)