Myanmar



မန္တလေး ဟင်းသီးဟင်းရွက်နှင့် အသီး ဈေးနှုန်းအတက်အကျ အခြေအနေ

မန္တလေး  ပဲမျိုးစုံဈေးကွက် ဈေးနှုန်းအတက်အကျ အခြေအနေ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

၇ ၇ ၂၀၂၃


မန္တလေးသီရိမာလာဈေး ဟင်းသီး/ရွက်ပွဲရုံများတွင် ခရမ်းချဉ်(ရှမ်းတောင်) အဝင်နည်းခြင်း၊ မြစ်ကြီးနား/လုံးခင်းနှင့် အမှာရှိသော မြို့များတင်ပို့ရမှုများခြင်းကြောင့် ၂၀ပိဿာ တသေတ္တာအရည် သွေးပေါ်မူတည်၍ ၂၀ပိဿာ တသေတ္တာ ၃၆၀၀၀ ကျပ်မှ ၃၈၀၀၀ ကျပ်

နောင်ချိုသီးတသေတ္တာ ၂၆၀၀၀ ကျပ်မှ ၃၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

ဘိုစားပဲသီးများ ပြင်ဦးလွင်မှ အဝင်များလာ သဖြင့် ယခင်အပတ် ၁ပိဿာ ၃၀၀၀ကျပ်မှ ၁၅၀၀ ကျပ်သို့ ဈေးသိသာစွာ နိမ့်သွားသည်။


ပန်းမုံလာ၊ ဂေါ်ဖီထုတ်များလည်း ပြင်ဦးလွင်မှ အဝင်များလာခြင်းကြောင့်

ပန်းမုံလာတစ်ပွင့် ၈၀၀ ကျပ်မှ ၁၀၀၀ ကျပ်၊

ဂေါ်ဖီထုတ် ၁၀၀၀ ကျပ်ဖြင့် မြို့တွင်းသုံးနှင့် စားသောက်ဆိုင်များ အဝယ်များသည်။


ငရုတ်စို (ရှည်) များ တပ်ကုန်းဘက်မှ ပုံမှန်ဝင်ရောက်ခြင်း မြို့တွင်းသုံးပုံမှန်ရှိခြင်းကြောင့် တပိဿာ ၂၈၀၀ ကျပ်သို့ ဈေးနိမ့်သွားပြီး

(ငရုတ်စို/လတ်) မှာ မန္တလေးအနီးဝန်းကျင်၊ ပုသိမ်ကြီး တို့မှ ဝင်ရောက်ခြင်း၊ အဝင်နည်းခြင်း၊ လုပ်ငန်းသမား ကွပ်ခိုင် ၅ရက်တစ်ဈေးသို့ တင်ပို့ရမှုရှိခြင်းကြောင့် တစ်ပိဿာ ၆၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။


မန္တလေးအနီးဝန်းကျင်၊ ပြင်ဦးလွင်ဒေသစုံမှ ထိုင်ဝမ်ပြောင်းများ အဝင်များလာခြင်း၊ လက်လီ သမား အဝယ်ပုံမှန်သာရှိခြင်းကြောင့် စားပြောင်းဖူး ၁၀၀ဖူးလျှင် ၁၈၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။

ကြိုက်နှစ်သက်သော ရာသီဥတုဖြစ်ခြင်းကြောင့် ပြင်ဦးလွင်အနီးတဝိုက်မှ မုံလာဥနီများ ဝင်ရောက်မှုများသဖြင့် ယခင်အပတ် တစ်ပိဿာ ၁၈၀၀ ကျပ်မှ ၁၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။

Source MOALI

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Read times Last modified on Friday, 07 July 2023 17:29
Rate this item
(0 votes)