Myanmar
ပိန်းဥ ကျောက်ကျောပြုလုပ်နည်း
ဝါတွင်းကာလအချိန်အခါကာလမှာ အိမ်မှာပဲအလှူအတန်းလုပ်လုပ်၊ ဘုန်းကြီးကျောင်းမှာပဲ
အလှူအတန်းလုပ်လုပ် လွယ်လင့်တကူ ပြုလုပ်နိုင်တဲ့ ပိန်းဥကျောက်ကျောပြုလုပ်နည်းလေးကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းတွေကတော့ ပိန်းဥအမှုန့်ထုပ်၊ သကြား၊ ဆား၊ ကျောက်ကျောမှုန့်၊ အုန်းနို့ တို့ လိုအပ်ပါမယ်။
ပိန်းဥကို ယိုးဒယားကလာတဲ့ ရယ်ဒီမိတ် ပိန်းဥအမှုန့်ထုပ်နဲ့ ပြုလုပ်ပါမယ်။ ကျောက်ကျောကျိုမည့် လင်ဗန်းမပြည့်တပြည့် ရေထည့်ပြီး ရေနွေးကို တည်ပေးထားပါ။
ရေနွေးပွက်ပွက်ဆူလာရင် ကျော်ကျောမှုန့်ကို ဖောက်ထည့်ပြီး သကြားကို အနေတော်လေး ထည့်လိုက်ပါ။
ကျောက်ကျောမှုန့်နဲ့ သကြားပျော်သွားသည်အထိ ဆယ့်ငါးမိနစ်ခန့် တည်ပေးထားပါ။ ပျော်သွားပြီဆိုရင်တော့ လင်ဗန်းထဲသို့ ကျောက်ကျောကျိုထားတာကို လောင်းထည့်လိုက်ပါ။
ပြီးရင် ပိန်းဥအမှုန့်ကို လိုသလောက် ထည့်၍ မွှေပေးထားပါ။ ပြီးနောက် အုန်းနို့ကိုလောင်းထည့် လိုက်ပါ။ အုန်းနို့မထည့်ခင် ဆားအနည်းငယ်ထည့်၍ မွှေပေးထားပါ။
ပြီးရင် အအေးခံထားပါ။ ကျောက်ကျောအေးခဲသွားပြီဆိုရင် ပိန်းဥအုန်းနို့ကျောက်ကျောကို အရသာရှိစွာ သုံးဆောင်နိုင်ပါတယ်။
Read More >>>>> ကြက်ဥပူတင်းကျောက်ကျော