Myanmar



မန္တလေး ပဲမျိုးစုံဈေးကွက် ဈေးနှုန်းအတက်အကျ အခြေအနေ

မန္တလေး  ပဲမျိုးစုံဈေးကွက် ဈေးနှုန်းအတက်အကျ အခြေအနေ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

၇ ၇ ၂၀၂၃


မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်ကထိန်တော်အသင်းတွင် ပဲမျိုးစုံတို့အနက် မတ်ပဲမှာ အသစ်နှင့် အဟောင်းနှစ်မျိုးလုံးတွေ့ရပြီး အဝင်ပုံမှန် ရန်ကုန်ဝယ်လက်နှင့် ပဲခွဲစက်များ အဝယ်ပုံမှန် ရှိခြင်းကြောင့် အရည်အသွေးပေါ်မူတည်၍ အညံ့ဆုံး ၆၀ပိဿာ ၁၇၀၀၀၀ ကျပ်မှ အကောင်းဆုံး ၂၂၀၀၀၀ ကျပ်ထိ ရောင်းဝယ်မှုရှိသည်။


ပဲတီစိမ်း ဈေးနှုန်းမှာ ဆောင်းလက်ကျန်နည်း၍ မိုးပဲမဝင်သေးသော်လည်း တရုတ်ဝယ်လက် နည်း၍ အရောင်းအဝယ်အေးခြင်း၊ အရည်အသွေးပေါ်မူတည်၍ ဈေးကွာခြားခြင်းကြောင့် အနိမ့်ဆုံး ၅၆.၂၅ပိဿာ ၁၅၀၀၀၀ ကျပ်မှ အမြင့်ဆုံး ၁၇၀၀၀၀ ကျပ်ဖြင့် ရောင်းဝယ်မှုရှိသည်။


ပဲစဉ်းငုံ (ဖြူ)မှာ အထွက်နည်းအဝင်နည်း၊ ပစ္စည်းရှားခြင်းကြောင့် ၆၀ပိဿာ ၂၆၅၀၀၀ ကျပ်မှ ၂၈၀၀၀၀ ကျပ်သို့လည်းကောင်း


ပဲစဉ်းငုံ (နီ) ၆၀ ပိဿာ (၃.၇.၂၃)တွင် အရောင်းအဝယ်ဈေးနှုန်းအရ ယခင်အပတ် ၂၈၀၀၀၀ ကျပ်မှ ၃၀၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။


ပဲပုတ် (မြန်မာ/ရှမ်း အရောင်းအဝယ်အေးခြင်း၊ လုပ်ငန်းသမား၊ ဆီစက်သမား အဝယ်နည်း ခြင်းကြောင့်

ပဲပုတ် (မြန်မာ) ၅၃.၂၅ပိဿာ ၂၁၀၀၀၀ ကျပ်

ပဲပုတ် (ရှမ်း၊ မိုးမိတ်) ၁၅၅၀၀၀ ကျပ်

မိုးညှင်း ၁၅၈၀၀၀ ကျပ် ဖြင့်

ဈေးတည်ငြိမ်နေသည်။


ကုလားပဲအုပ်စုအနေဖြင့် လှောင်သမားထုတ်ရောင်းမှုရှိပြီး ပစ္စည်းကောင်းရှားသော်လည်း ခွဲစက်သမား၊ လုပ်ငန်းသမား အဝယ်သာပုံမှန်ရှိပြီး ရန်ကုန်ဝယ်လက်နည်းခြင်းကြောင့်

ကုဖြူကြီး ၅၇.၂၅ ပိဿာ ၂၅၆၀၀၀ ကျပ်

လုံးဝါကြီး ၂၄၅၀၀၀ ကျပ်

ခွဲခြမ်းတစ်ပိဿာ ၆၀၀၀ ကျပ်ဖြင့်

ဈေးတည် ငြိမ်နေသည်။


အဝင်ပုံမှန်၊ စက်သမားနှင့် လုပ်ငန်းသမားအဝယ်ပုံမှန်ရှိခြင်းကြောင့်

ပဲယင်း ၆၀ ပိဿာ ၁၆၂၀၀၀ ကျပ်၊

မြေတောက်ပဲ ၅၄ ပိဿာ အရည်အသွေးအကောင်းဆုံး ၃၂၀၀၀၀ ကျပ်၊

စားတော်ပဲ (ကျွန်း) ၅၉.၂၅ ပိဿာ ၄၀၀၀၀၀ ကျပ်၊

ပဲလွန်းပြာ ၅၄.၂၅ ပိဿာ ၁၆၀၀၀၀ ကျပ်ဖြင့်

ဈေးတည်ငြိမ် နေသည်။

ပဲကြီး (ကြီး/သေး) ထောပတ်ပဲ (ကြီး/သေး) ပဲလွန်းဖြူ တို့မှာ မိုးပဲဝင်ချိန်နီး၍ လှောင်သမား ထုတ်ရောင်းမှုရှိခြင်း၊ လုပ်ငန်းသမား ပဲကြော်/လှော်သမား၊ လက်လီသမား အဝယ်ရှိခြင်းကြောင့်


ပဲကြီး (ကြီး) ၅၅.၂၅ ပိဿာ ၃၀၀၀၀၀ ကျပ်၊

ပဲကြီး (သေး) ၂၉၀၀၀၀ ကျပ်၊

ထောပတ်ပဲ (ကြီး) ၅၆.၂၅ ပိဿာ ၂၉၅၀၀၀၀ ကျပ်မှ ၃၀၀၀၀၀ ကျပ်၊


ထောပတ်ပဲ (သေး) ၂၇၀၀၀၀ ကျပ်မှ ၂၉၀၀၀၀ ကျပ်၊

ပဲလွန်းဖြူ (လက်လီ) ၁၆၀၀၀၀ ကျပ်သို့

ဈေးမြင့်သွားသည်။

Source MOALI

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Read times Last modified on Friday, 07 July 2023 17:28
Rate this item
(0 votes)