Myanmar



မန္တလေးဈေးကွက် ဆန်ဈေးနှုန်းများ အခြေအနေ

မန္တလေးဈေးကွက် ဆန်ဈေးနှုန်းများ အခြေအနေ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

၇ ၇ ၂၀၂၃

 

မန္တလေး ကိုင်းတန်းစျေး ဆန်ပွဲရုံများတွင် လက်ကျန်နည်းခြင်း၊ မြို့တွင်းစားသုံးရန် ဝယ်ယူမှု ရှိခြင်းကြောင့်

 

ရန်ကုန်ပေါ်ဆန်းတစ်အိတ် ၉၆၀၀၀ မှ ၉၇၀၀၀ ကျပ်၊

 

ရွှေဘို‌ပေါ်ဆန်း တစ်အိတ် ၁၀၄၀၀၀ ကျပ်မှ ၁၀၅၀၀၀ ကျပ်သို့ စျေးမသိမသာမြင့်သွားသည်။

 

မနောသုခ ဆန်မှာလည်း မိုးစပါး စိုက်ပျိုးထားဆဲဖြစ်ခြင်း၊ လက်ကျန်နည်းခြင်း၊ မြို့တွင်းစားသုံးရန် ဝယ်ယူမှုရှိခြင်းကြောင့် တစ်အိတ် ၇၅၀၀၀ မှ ၈၀၀၀၀ ကျပ်သို့ စျေးမြင့်သွားသည်။

 

ငစိန်ဆန်နှင့် ဇီယာဆန်မှာ ရန်ကုန်စျေးကွက်မှတစ်ဆင့် ဝယ်ယူရသောဆန်ဖြစ်ခြင်း၊ လုပ်ငန်း သုံး ဝယ်ယူမှုရှိခြင်း၊ နယ်ဝေးတင်ပို့ရမှု ရှိခြင်းကြောင့်

 

ဇီယာတစ်အိတ် ၇၅၀၀၀ ကျပ်၊

ငစိန်တစ်အိတ် ၅၈၀၀၀ ကျပ်မှ ၆၀၀၀၀ ကျပ်သို့

စျေးမြင့်သွားသည်။

 

ဧရာမင်းဆန်မှာ အသစ်စိုက်ပျိုးစဖြစ်၍ တောင်သူထဲ လက်ကျန်နည်းပြီး လှောင်သမားထံမှ ဝယ်ရခြင်း၊ မြို့တွင်းစားသုံးမှုများပြားခြင်းကြောင့် တစ်အိတ် ၉၅၀၀၀ ကျပ်မှ ၁၀၀၀၀၀ ကျပ်သို့ စျေးမြင့်သွားသည်။

Source MOALI

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Friday, 07 July 2023 17:20
Rate this item
(0 votes)