Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ကျောက်ဆည်မြို့နယ်တွင် ဧရာမင်းမိုးစပါး (၃၈၁၀၆) ဧက စိုက်ပျိုးသွားမည်

ကျောက်ဆည်မြို့နယ်တွင် ဧရာမင်းမိုးစပါး (၃၈၁၀၆) ဧက စိုက်ပျိုးသွားမည် Moi.Gov

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆည်ရေသောက်စနစ်ဖြင့် မိုးစပါးဧက (၅၂၈၁၆) ဧက စိုက်ပျိုးသွားမည်ဖြစ်ရာ အဆိုပါ စိုက်ပျိုးဧကများမှ ဧရာမင်းမိုးစပါးစိုက်ဧက (၃၈၁၀၆) ဧက ပါဝင်ကြောင်း သိရပါသည်။

 

IMG20200724093344.jpg

 

အချိန်မီ စိုက်ပျိုးနိုင်ရေး မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဇွန်လ (၁၅) ရက်နေ့ကစတင်ပြီး စပါးပျိုးထောင်ရေများကို ငပြောင်ဆည်၊ သင်းတွဲဆည်၊ မင်းရဲဆည်နှင့် ဇီးတောဆည်များမှ စိုက်ပျိုးရေများ ပေးဝေလျက်ရှိရာ အဆိုပါစိုက်ပျိုးရေးများ လေလွင့်ဆုံးရှုံးမှုမရှိစေရေးနှင့် စိုက်ပျိုးရေပေးဝေသည့် မြောင်းအလိုက် တောင်သူများရေမှန်မှန်ရရှိစေရေး ရေပေးဝေသည့်မြောင်းအလိုက် ဒေသခံတောင်သူများဖြင့် ဖွဲ့စည်းထားသည့်ရေအသုံးချသူအဖွဲ့များဖွဲ့စည်းကာ မိုးစပါးများအောင်မြင်စေရေး နိုဝင်ဘာလ (၃၀) ရက်အထိ ရေများပေးဝေသွားမှာ ဖြစ်ပါသည်။

 

မိုးစပါးများ စိုက်ပျိုးရာတွင် မင်းရဲဆည်ရေသောက်စနစ်ဖြင့် (၅၉၃၀) ဧက၊ သင်းတွဲဆည်ရေသောက်စနစ်ဖြင့် (၁၀၁၃၀) ဧက၊ သင်းဒီးဆည်ရေသောက်စနစ်ဖြင့် (၉၈၇၃) ဧက၊ ထုံးကြီးဆည်ရေသောက်စနစ်ဖြင့် (၉၂၄၅) ဧက၊ စမာဆည်ရေသောက်စနစ်ဖြင့် (၈၀၃၂) ဧက၊ တမုတ်ဆည်ရေသောက်စနစ်ဖြင့် (၉၆၀၆) ဧက စုစုပေါင်း (၅၂၈၁၆) ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်းလည်း သိရပါသည်။

 

By Myanmar Food Guide

 

Moi.Gov

Read times
Rate this item
(0 votes)