Myanmar



မန္တလေး ပဲမျိုးစုံဈေးကွက် ဈေးနှုန်းအတက်အကျ အခြေအနေ

မန္တလေး  ပဲမျိုးစုံဈေးကွက် ဈေးနှုန်းအတက်အကျ အခြေအနေ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

20 7 2023


မန္တလေးပွဲစားကုန်သည် စက်ပိုင်ကထိန်တော်အသင်းတွင် မတ်ပဲဈေးနှုန်းမှာ လက်ကျန်နည်း ခြင်း၊ ရန်ကုန်ဝယ်လက်ရှိခြင်း၊ မြို့တွင်းပဲခွဲစက်များ အဝယ်ရှိခြင်းကြောင့် ယခင်အပတ်အရည်အသွေး အကောင်းဆုံး ၂၀၅၀၀၀ ကျပ် မှ ယခုအပတ် ၂၁၈၀၀၀ ကျပ်သို့ ဈေးမသိမသာ မြင့်သွားသည်။

ပဲတီစိမ်း (အညာ) မှာ ဆောင်းလက်ကျန်နည်းခြင်း၊ မိုးပဲမဝင်သေးခြင်း လှောင်သမားထံမှ ဝယ်ရခြင်းကြောင့် အရည်အသွေးအကောင်းဆုံး ယခင်အပတ် ၁၇၀၀၀၀ ကျပ်မှ ၁၇၄၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။


ပဲစဉ်းငုံ (ဖြူ/နီ) မှာ ရန်ကုန်ဝယ်လက်မှတဆင့် ပြည်ပတင်ပို့ရန် ဝယ်ယူသောသီးနှံဖြစ်၍ ရန်ကုန်ဝယ်လက်နည်းခြင်း အရောင်းအဝယ်အေးခြင်းကြောင့် ပစ္စည်းရှားသော်လည်း

ပဲစဉ်းငုံ(နီ) ၆၀ပိဿာ ယခင်အပတ် ၂၉၅၀၀၀ ကျပ်မှ ၂၉၀၀၀၀ ကျပ်သို့လည်းကောင်း

ပဲစဉ်းငုံ(ဖြူ) ၆၀ပိဿာ ၂၈၅၀၀၀ ကျပ်မှ ၂၇၅၀၀၀ ကျပ်သို့ ဈေးမသိမသာနိမ့်သွားသည်။


ကုလားပဲအုပ်စုအနေဖြင့် လက်ကျန်နည်းခြင်း၊ လှောင်သမားထံမှ ဝယ်ရခြင်း လုပ်ငန်းသမား ပုံမှန်ဝယ်ယူမှုရှိခြင်းကြောင့် ကုဖြူကြီး ၃တင်းတစ်အိတ် ၂၅၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

ကုလားပဲ (ထိုင်ဝမ်) မှာ လက်ကျန်နည်းခြင်း၊ ပဲခွဲစက်များ ဝယ်ယူမှုများခြင်းကြောင့် ယခင်အပတ် ၃တင်း၁အိတ် ၂၃၈၀၀၀ ကျပ်မှ ၂၄၃၀၀၀ကျပ်သို့ ဈေးမြင့်သွားပြီး ခွဲခြမ်းမှာ တစ်ပိဿာ ၅၉၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

ပဲပုတ် (မြန်မာ/ရှမ်း) ပဲယင်း၊ စားတော်ပဲ (ကျွန်း)၊ ပဲကြီး(ကြီး)၊ ပဲလွန်းပြာတို့မှာ လက်ကျန် နည်း၊ ပစ္စည်းရှားသော်လည်း အရောင်းအဝယ်အေးခြင်းကြောင့်

ပဲပုတ်(မြန်မာ) ၅၃.၂၅ပိဿာ ၂၀၈၀၀၀ ကျပ်၊

ပဲပုတ် (ရှမ်း) ၁၅၅၀၀၀ ကျပ်၊
ပဲယင်း ၁၆၀၀၀၀ ကျပ်၊
စားတော်ပဲ (ကျွန်း) ၄၀၀၀၀၀ ကျပ်၊
ပဲကြီး(ကြီး) ၅၅.၂၅ ပိဿာ ၂၉၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

မြေတောက်ပဲမှာ အဝင်နည်းပစ္စည်းရှားခြင်း၊ အကြော်အလှော်သမားအဝယ်ရှိခြင်းကြောင့် ၅၄ပိဿာ ၃၂၅၀၀၀ ကျပ်မှ ၃၄၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။


ပဲကြီး (သေး) ၊ ထောပတ်ပဲ (ကြီး/သေး) တို့မှာ အကြော်အလှော်သမားများ လက်လီသမား အဝယ်ရှိခြင်းကြောင့်

ပဲကြီး(သေး) ၅၅.၂၅ ပိဿာ ၂၇၅၀၀၀ ကျပ်မှ ၂၈၀၀၀၀ ကျပ်သို့လည်းကောင်း၊

ထောပတ်ပဲ (ကြီး) ၃၁၀၀၀၀ ကျပ်မှ ၃၁၅၀၀၀ ကျပ်

ထောပတ်ပဲ (သေး) ၂၇၅၀၀၀ ကျပ်မှ ၂၈၅၀၀၀ ကျပ်သို့ ဈေးအသီးသီး မြင့်သွားသည်။

Source MOALI

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Read times Last modified on Thursday, 20 July 2023 19:02
Rate this item
(0 votes)