Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ကြွပ်ကြွပ်ရွရွလေးစားချင်သူများအတွက် အပ်မှိုတန်ပူရာကြော်

Unicode

 

သက်သတ်လွတ်စားသူများ၊ ကြွပ်ကြွပ်ရွရွလေးစားချင်သူများအတွက် လွယ်လင့်တကူ ကြော်စားနိုင်တဲ့ အပ်မှိုတန်ပူရာကြော်နည်းလေးကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။


ပါဝင်ပစ္စည်းများကတော့ အပ်မှို၊ အကြော်မှုန့်၊ တန်ပူရာအမှုန့်၊ ငရုတ်သီးစိမ်း၊ နံနံပင်၊ ငရုတ်ကောင်းမှုန့်၊  ပဲငံပြာရည်အပျစ်၊ ဆီ၊ ဆား၊ ဟင်းခတ်မှုန့် တို့ လိုအပ်ပါမယ်။


ပထမဦးဆုံး အပ်မှိုကို ရေဆေးသန့်စင်ထားပါ။  


ပြီးလျှင် အတွဲလိုက်ဖြစ်နေတဲ့မှိုကို ထက်ခြမ်း ခြမ်းပေးထားပါ။


ပြီးနောက် အကြော်မှုန့်နဲ့ တန်ပူရာအမှုန့်တို့ကို ငရုတ်ကောင်းမှုန့်၊ ဆား ဟင်းခတ်မှုန့်ထည့်ပြီး အားလုံးနှံ့အောင်ရောသမမွှေပေးထားပါ။


ပြီးလျှင် ငရုတ်သီးစိမ်းကို အညှာခြွေပြီး အစေ့များဖယ်၍ ခပ်သေးသေးဖြစ်အောင် လှီးဖြတ်ထားပါ။  နံနံပင်ကိုလည်းရေဆေးသန့်စင်ပြီး  ခပ်သေးသေးဖြစ်အောင် လှီးဖြတ်ထားပါ။

 

Read More >>>>>   ခရစ္စမတ္ ေခ်ာကလက္ကြတ္ကီးေလးေတြ အိမ္မွာ လုပ္စားရေအာင္


ပြီးနောက် အကြော်မှုန့်အရောထဲကို ရေအနည်းငယ်၊ ပဲငံပြာရည်အပျစ်၊ ငရုတ်သီးစိမ်း၊ နံနံပင်တို့ထည့်ပြီး နှံ့အောင်နယ်ပါ။ မုန့်နှစ်ကို ခပ်ပျစ်ပျစ်ဖျော်ပေးထားပါ။


ပြီးလျှင် အိုးထဲကို ဆီထည့်ပါ။ ဆီပူလာရင် အပ်မှိုများကို မုန့်နှစ်ရည်ထဲထည့်လူး၍ ဒယ်အိုးထဲသို့ထည့်ကြော်ပါ။ မီးအပူချိန်ကို အလယ်အလပ်ထားပြီးကြော်ပါ။


ရွှေဝါရောင်သန်းလာပြီး ကြွပ်ပြီဆိုရင်တော့ ဆယ်ပြီး ဆီစစ်ထားပြီး ကျန်တဲ့ အပ်မှိုများကိုလည်း အရင်အတိုင်းနည်းတူ ကြော်ပေးထားပါ။


ပြီးရင်တော့ ကြွပ်ကြွပ်ရွရွလေးနဲ့ မွှေးပြီး အစပ်အရသာရှိတဲ့ အပ်မှိုကြော်လေးကို ကြိုက်နှစ်သက်တဲ့ အချဉ်ရည်နှင့် တွဲဖက်၍ မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

 

#Myanmar Food Industry Directory

 

 

 

သက္သတ္လြတ္စားသူမ်ား၊ ၾကြပ္ၾကြပ္ရြရြေလးစားခ်င္သူမ်ားအတြက္ လြယ္လင့္တကူ ေၾကာ္စားႏိုင္တဲ့ အပ္မႈိတန္ပူရာေၾကာ္နည္းေလးကို ေအာက္တြင္ ေဖာ္ျပေပးလိုက္ပါတယ္။


ပါဝင္ပစၥည္းမ်ားကေတာ့ အပ္မႈိ၊ အေၾကာ္မႈန္႕၊ တန္ပူရာအမႈန္႕၊ င႐ုတ္သီးစိမ္း၊ နံနံပင္၊ င႐ုတ္ေကာင္းမႈန္႕၊  ပဲငံျပာရည္အပ်စ္၊ ဆီ၊ ဆား၊ ဟင္းခတ္မႈန္႕ တို႕ လိုအပ္ပါမယ္။


ပထမဦးဆံုး အပ္မႈိကို ေရေဆးသန္႕စင္ထားပါ။  

 

ၿပီးလွ်င္ အတြဲလိုက္ျဖစ္ေနတဲ့မိႈကို ထက္ျခမ္း ျခမ္းေပးထားပါ။

 

ၿပီးေနာက္ အေၾကာ္မႈန္႔နဲ႔ တန္ပူရာအမႈန္႔တို႔ကို ငရုတ္ေကာင္းမႈန္႔၊ ဆား ဟင္းခတ္မႈန္႔ထည့္ၿပီး အားလံုးႏွံ႔ေအာင္ေရာသမေမႊေပးထားပါ။

 

Read More >>>>>   ခရစ္စမတ္ ေခ်ာကလက္ကြတ္ကီးေလးေတြ အိမ္မွာ လုပ္စားရေအာင္

 

ၿပီးလွ်င္ ငရုတ္သီးစိမ္းကို အညႇာေႁခြၿပီး အေစ့မ်ားဖယ္၍ ခပ္ေသးေသးျဖစ္ေအာင္ လွီးျဖတ္ထားပါ။  နံနံပင္ကိုလည္းေရေဆးသန္႕စင္ၿပီး  ခပ္ေသးေသးျဖစ္ေအာင္ လွီးျဖတ္ထားပါ။

 

ၿပီးေနာက္ အေၾကာ္မႈန္႔အေရာထဲကို ေရအနည္းငယ္၊ ပဲငံျပာရည္အပ်စ္၊ ငရုတ္သီးစိမ္း၊ နံနံပင္တို႔ထည့္ၿပီး ႏွံ႔ေအာင္နယ္ပါ။ မုန္႔ႏွစ္ကို ခပ္ပ်စ္ပ်စ္ေဖ်ာ္ေပးထားပါ။

 

ၿပီးလွ်င္ အိုးထဲကို ဆီထည့္ပါ။ ဆီပူလာရင္ အပ္မႈိမ်ားကို မုန္႔ႏွစ္ရည္ထဲထည့္လူး၍ ဒယ္အိုးထဲသို႕ထည့္ေၾကာ္ပါ။ မီးအပူခ်ိန္ကို အလယ္အလပ္ထားၿပီးေၾကာ္ပါ။

 

ေရႊဝါေရာင္သန္းလာၿပီး ၾကြပ္ၿပီဆိုရင္ေတာ့ ဆယ္ၿပီး ဆီစစ္ထားၿပီး က်န္တဲ့ အပ္မႈိမ်ားကိုလည္း အရင္အတိုင္းနည္းတူ ေၾကာ္ေပးထားပါ။

 

ၿပီးရင္ေတာ့ ၾကြပ္ၾကြပ္ရြရြေလးနဲ႕ ေမႊးၿပီး အစပ္အရသာရွိတဲ့ အပ္မႈိေၾကာ္ေလးကို ႀကိဳက္ႏွစ္သက္တဲ့ အခ်ဥ္ရည္ႏွင့္ တြဲဖက္၍ ၿမိန္ယွက္စြာ သံုးေဆာင္ႏိုင္ပါတယ္။

 


#Myanmar Food Industry Directory

Read times Last modified on Monday, 03 February 2020 12:55
Rate this item
(0 votes)