Myanmar



မန္တလေးဈေးကွက် ဆီထွက်သီးနှံ ဈေးနှုန်းများ အခြေအနေ

မန္တလေးဈေးကွက် ဆီထွက်သီးနှံ ဈေးနှုန်းများ အခြေအနေ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

20 7 2023


မန္တလေးပွဲစားကုန်သည်၊ စက်ပိုင်ကထိန်တော်အသင်းတွင် ဆီထွက်သီးနှံများအနက် မြေပဲ (လုံးဆံ/ဆီဆံ) ဈေးနှုန်းမှာ လုပ်ငန်းသမား အဝယ်ပုံမှန်ရှိခြင်း၊ မိုးမြေပဲမဝင်သေးခြင်း အရည်အသွေး ပေါ်မူတည်၍ ဈေးကွာခြားခြင်းကြောင့်

မြေပဲ (လုံးဆံ) ၁၀၀ပိဿာ ၆၇၀၀၀၀ ကျပ်မှ ၇၀၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

မြေပဲ (ဆီဆံ) မှာ အဝင်ပုံမှန်၊ ဆီစက်သမားအဝယ်ပုံမှန်ရှိခြင်း အရည်အသွေးပေါ် မူတည်၍ ဈေးကွာခြားခြင်းကြောင့် ၁၀၀ပိဿာ ၆၂၀၀၀၀ ကျပ်မှ ၆၅၀၀၀၀ ကျပ်သို့ ဈေးမြင့်သွား သည်။


နှမ်းမျိုးစုံ ဈေးနှုန်းအနေဖြင့် နှမ်းဖြူမှာ နွေနှမ်းဝင်ရောက်မှုရှိခြင်း၊ တရုတ်ဝယ်လက်ရှိခြင်း၊ လုပ်ငန်းသမားအဝယ်ရှိခြင်းကြောင့် အက်ဆစ်ပါဝင်မှု အရည်အသွေးပေါ်မူတည်၍ အရည်အသွေး အညံ့ဆုံး ၄၅ ပိဿာ ၃၃၇၀၀၀ ကျပ်မှ အကောင်းဆုံး ၃၄၅၀၀၀ ကျပ်ထိ ဈေးအမျိုးမျိုးရောင်းဝယ်နေသည်။

နှမ်းညိုမှာ အသစ်ဝင်ရောက်မှုရှိသော်လည်း ဆီစက်သမား အဝယ်ပုံမှန်ရှိခြင်းကြောင့် ၄၅ ပိဿာ ၂၇၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။


နှမ်းနက်မှာလည်း အသစ်ဝင်ရောက်မှုရှိခြင်း ကြောင့် တရုတ်ဝယ်လက်ပုံမှန်ရှိသော်လည်း ၄၅ ပိဿာ အရည်အသွေးပေါ်မူတည်၍ ၂၉၀၀၀၀ ကျပ်မှ ၃၂၀၀၀၀ ကျပ်ထိ ဈေးအမျိုးမျိုးဖြင့် ရောင်းဝယ်နေသည်။

ပန်းနှမ်းဈေးနှုန်းမှာလည်း အရောင်းအဝယ်အေးခြင်း၊ ရောဆီသုံးရန် အဝယ်နည်းခြင်းကြောင့် ၄၅ပိဿာ ၁၉၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။


နေကြာဈေးနှုန်းအနေဖြင့် မိုးနေကြာမဝင်သေးခြင်း၊ ဆောင်းလက်ကျန်နည်းသော်လည်း ဆီစက်သမား အဝယ်နည်းခြင်းကြောင့် ၂၇ပိဿာလျှင် အရည်အသွေးပေါ်မူတည်၍ ၁၀၈၀၀၀ ကျပ်မှ ၁၁၅၀၀၀ ကျပ်ထိ အမြင့်ဈေးဖြင့် ဈေးတည်ငြိမ်နေသည်။

Source MOALI

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Thursday, 20 July 2023 18:58
Rate this item
(0 votes)