Myanmar



မန္တလေးဈေးကွက် ကြက်သွန် နီ/ဖြူ အာလူး ချင်း ဈေးနှုန်း အတက်အကျများ

မန္တလေးဈေးကွက် ငရုတ် ကြက်သွန် နီ/ဖြူ အာလူးး ချင်း ဈေးနှုန်း အတက်အကျများ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

20 7 2023


မန္တလေးကိုင်းတန်းဈေးတွင် မုံရွာကြက်သွန်များ အဝင်များခြင်း၊ နယ်ဝေးတင်ပို့ရမှုနည်းခြင်း၊ မြို့တွင်းသုံးဝယ်ယူမှုသာများခြင်းကြောင့်

ကြက်သွန်နီ(ကြီး) တစ်ပိဿာ ၂၂၀၀ ကျပ်မှ ၂၀၀၀ ကျပ်၊

ကြက်သွန်နီ(လတ်) တစ်ပိဿာ ၂၁၀၀ ကျပ်မှ ၁၉၀၀ ကျပ်သို့ ဈေးနိမ့်သွားပြီး

ကြက်သွန်နီ(သေး) မှာ အဝင်ပုံမှန်၊ မြို့တွင်းစားသုံးမှု ပုံမှန်ဖြစ်ခြင်းကြောင့် တစ်ပိဿာ ၁၇၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။


ကြက်သွန်ဖြူ (တရုတ်) မှာ အဝင်ပုံမှန်ဖြစ်သော်လည်း အဝေးတင်ပို့ရမှုနည်းခြင်း၊ မြို့တွင်းသုံး သာရှိခြင်းကြောင့် ယခင်အပတ် တစ်ပိဿာ ၇၂၀၀ ကျပ်မှ ၇၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။

ကြက်သွန်ဖြူ (ရှမ်း) မှာ အဝင်ပုံမှန်ဖြစ်သော်လည်း အဝေးတင်နည်းခြင်းကြောင့် တစ်ပိဿာ အရည်အသွေးအညံ့ဆုံး ၆၅၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်သော်လည်း အရည်အသွေးအကောင်းဆုံး မှာ ယခင်အပတ် တစ်ပိဿာ ၉၀၀၀ ကျပ်မှ ၈၀၀၀ကျပ်သို့ ဈေးနိမ့်သွားသည်။


အာလူးရောင်းဝယ်မှု အနေဖြင့် အောင်ပန်း၊ ဘန့်ဘွေးအာလူးများဝင်ရောက်မှု မရှိသေးခြင်း၊ တရုတ်အာလူးတစ်မျိုးထဲသာ ရောင်းဝယ်မှုများခြင်းကြောင့် ယခင်အပတ် တစ်ပိဿာ ၂၇၀၀ ကျပ်မှ ယခုအပတ် ၂၈၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။


ချင်းဈေးနှုန်းအနေဖြင့် အခက်ကြီးများ ပစ္စည်းရှားပြီး အရောင်းအဝယ်မရှိသလောက်ဖြစ်ပြီး၊ အောင်ပန်းမှ ဥမ များသာ ဝင်ရောက်ပြီး မြို့တွင်းသုံးသာရှိသဖြင့် တစ်ပိဿာ ၄၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

 Source MOALI

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

 

Read times Last modified on Thursday, 20 July 2023 19:00
Rate this item
(0 votes)