Myanmar



ဆန်တန်ချိန် ၁ သန်း အင်ဒိုနီးရှား ဝယ်ယူရန် မြန်မာအပါအဝင် ၄ နိုင်ငံနှင့် စာချုပ်ချုပ်ဆိုထား

ဆန်တန်ချိန် ၁ သန်း အင်ဒိုနီးရှား ဝယ်ယူရန် မြန်မာအပါအဝင် ၄ နိုင်ငံနှင့် စာချုပ်ချုပ်ဆိုထား

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

အင်ဒိုနီးရှား အစိုးရက ယခုနှစ်တွင် ဆန်တန်ချိန် ၁ ဒသမ ၅ သန်း ထပ်မံ တင်သွင်းရန် စားသောက်ကုန်ဖြန့်ဖြူးရေးနှင့် ဈေးနှုန်းထိန်းချုပ်ရေး အဖွဲ့အစည်း Bulog ကို ထပ်မံတာဝန်ပေးအပ်ခဲ့သည်။  

လက်ရှိတွင် Bulog သည် နိုင်ငံလေးနိုင်ငံနှင့် ဆန်တန်ချိန် ၁ သန်းအတွက် တင်သွင်းခွင့်စာချုပ်များ ချုပ်ဆိုထားသည်။

 Bulog ၏ Supply Chain and Public Services ၏ ဒါရိုက်တာ Mokhamad Suyamto က ၎င်းလေးနိုင်ငံမှာ ထိုင်း၊ ဗီယက်နမ်၊ မြန်မာနှင့် ပါကစ္စတန်နိုင်ငံတို့ဖြစ်ကြောင်း ရှင်းပြခဲ့သည်။

"လက်ရှိတွင် ထုတ်လုပ်မှု များပြားနေဆဲ နိုင်ငံများဖြစ်သည့် ထိုင်း၊ ဗီယက်နမ်၊ ပါကစ္စတန်၊ မြန်မာ နိုင်ငံတို့နှင့် စာချုပ်များ ချုပ်ဆိုထားပါသည်။  အိန္ဒိယ၊ ကမ္ဘောဒီးယားနှင့် ဖြစ်နိုင်ချေရှိသော အခြားနိုင်ငံများကိုလည်း လေ့လာစုံစမ်းပါမည်" ဟု သောကြာနေ့(နိုဝင်ဘာ ၃) တွင် ထုတ်ပြန်သည့် ကြေညာချက်မှာ ဖော်ပြထားသည်။

 

  စုစုပေါင်း တန်ချိန် ၁ သန်းခွဲ တင်သွင်းမည် ဖြစ်သဖြင့် တန်ချိန် ၅ သိန်း လိုအပ်နေဆဲ ဖြစ်သော်လည်း ပြည်တွင်း လိုအပ်ချက်များအရ ချိန်ညှိပေးသွားမည် ဖြစ်သဖြင့် တကယ်လုိအပ်မှသာ ကျန်သည့် တန်ချိန် ၅ သိန်းကို တင်သွင်းမည် ဖြစ်သည်ဟု Suyamto က ပြောကြားသည်။

 

လက်ရှိတွင် Bulog က ထိန်းချုပ်ထားသည့် ဆန်တန်ချိန် ၁ ဒသမ ၄၅ သန်း ရှိသည်။

 

Bulog သည် လက်ရှိဆန်ဈေးနှုန်းနှင့် ပတ်သက်၍ အထူးကြပ်မတ် စောင့်ကြည့်ဆောင်ရွက်လျက်ရှိသည်။

 

Suyamto ၏ အဆိုအရ ဆန်ဈေးနှုန်းများ မြင့်တက်လာရခြင်းမှာ အယ်နီညို ဘေးအန္တရာယ်နှင့် စိုက်ပျိုးရာသီသို့ စတင်ဝင်ရောက်သည့် ပြည်တွင်းအခြေအနေတို့ ကဲ့သို့သော ပြင်ပနှင့် ပြည်တွင်းအခြေအနေများကြောင့် ဖြစ်သည်ဟု ဆိုသည်။

Source idntimes


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Tuesday, 07 November 2023 19:44
Rate this item
(0 votes)