Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသို့ သွင်းကုန်ကျန်းမာရေးထောက်ခံချက် လျှောက်ထားသူများ သိရှိလိုက်နာရန်

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသို့ သွင်းကုန်ကျန်းမာရေးထောက်ခံချက် လျှောက်ထားသူများ

 သိရှိလိုက်နာရန် ထုတ်ပြန် ကြေညာထားပါသည်။

 

အသိပေးကြေညာချက်


အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အစားအသောက်ဌာနခွဲသို့ သွင်းကုန် ကျန်းမာရေးထုတ်ပြန်ချက် (Import Health Certificate; IHC) လျှောက်ထားသူများသည် အောက်ပါတို့ကို မပျက်မကွက်သိရှိလိုက်နာဆောင်ရွက်ရန် အသိပေးအပ်ပါသည်။


- သွင်းကုန်ကျန်းမာရေးထောက်ခံချက် (IHC) လျှောက်ထားခြင်းအတွက် လတ်တလောတွင် MACCS စနစ်မှလျှောက်ထားခြင်းအား ဆက်လက်ဆောင်ရွက်ရမည်။

 

- အထူးကုန်စည်များကို သတ်မှတ်လမ်းစဉ်အတိုင်းလျှောက်ထားခြင်းအား ဆက်လက် ဆောင်ရွက်ရမည်။

 

- တင်သွင်းစားသောက်ကုန်များအတွက်ပေးပို့ရမည့် နမူနာများကို After Release Order ရရှိပြီး (၂) ပတ်အတွင်း တင်သွင်း Batch အလိုက် ကိုယ်စားပြုနိုင်မည့်နမူနာကို သတ်မှတ် ထားသော ပမာဏ / အရေအတွက်အတိုင်း စနစ်တကျပေးပို့ရမည်။

 

- အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စိစစ်စဉ်ကာလအတွင်း မိမိတို့၏ ကုန် လှောင်ရုံတွင် တင်သွင်းစားသောက်ကုန်များကို စနစ်တကျ သိုလှောင်ထိန်းသိမ်းထားရမည်။

 

- စစ်ဆေးမှုလိုအပ်ချက်အရ ကုန်လှောင်ရုံစစ်ဆေးခြင်းကို လိုအပ်သလိုဆောင်ရွက်မည်။

 

- အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ Approval ရရှိမှသာ ဈေးကွက်ဖြန့်ဖြူးခြင်း ဆောင်ရွက်ရမည်။

 

အထက်ပါအချက်တစ်ရပ်ရပ်ကိုလိုက်နာဆောင်ရွက်ရန် ပျက်ကွက်ကြောင်း စုံစမ်းစစ်ဆေး တွေ့ရှိရပါက စီမံခန့်ခွဲမှုနည်းလမ်းအရသော်လည်းကောင်း၊ တည်ဆဲဥပဒေအရသော်လည်းကောင်း အရေးယူမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

 

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန

 

 

By Myanmar Food Guide

Read times
Rate this item
(0 votes)