Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


သရက်သီးစိမ်း ၀က်ခြေထောက် ငပိအစပ်ကြော်ချက်နည်း

ယနေ့တင်ပြမည့် အကြောင်းကတော့ ထမင်းမြိန်စေမည့် ချဉ်ချဉ်စပ်စပ် သရက်သီးစိမ်း ၀က်ခြေထောက်

ငပိအစပ်ကြော်နည်းလေးကို တင်ပြပေးလိုက်ပါတယ်။

လိုအပ်သည့်အမယ်များကတော့ ၀က်ခြေထောက် သို့မဟုတ် ၀က်လက်၊ ဆီ၊ ငရုပ်သီးအခြောက်တောင့်၊ ကြက်သွန်နီ၊ ငါးငံပြာရည်၊ ငါးပိ၊ သရက်သီးစိမ်း၊ ကြက်သားမှုန့်၊ ငရုတ်သီးစိမ်း တို့ လိုအပ်ပါတယ်။

ဝက်ခြေထောက် သို့မဟုတ် ၀က်လက်ကို ရေဖြင့် သန့်စင်အောင် ဆေးကြောပြီးလျှင် ငါးငံပြာရည်ဖြင့် ပွက်ပွက်ဆူနေပြီး နူးနေအောင် ပြုတ်လိုက်ပါ။ အမြှုပ်များထွက်လာလျှင် တတ်နိုင်သမျှ ကုန်အောင် ခပ်ထုတ်ပြီး အဖုံးအနည်းဟ၍ အပူချိန် နည်းနည်းလျော့၍ ပြုတ်ထားပါ။ အရမ်းပျော့အောင် မပြုတ်ရပါ။ ပြီးလျှင် ဆယ်၍ အအေးခံထားပါ။ သရက်သီးကို ခပ်သေးသေးလှီးဖြတ်ထားပါ။

လုံးဝအေးသွားလျှင် အသားနှင့် အခေါက်များအား တတ်နိုင်သမျှ ပုံမပျက်အောင် ခွာထုတ်ယူကာ မိမိနှစ်သက်သလို လှီးထားပါ။ ဆီပူလျှင် ငရုတ်သီးအခြောက်တောင့်များ ချိုးပြီးထည့်ကာ တူးလုနီးပါး စက္ကန့်အနည်းငယ် မွှေကြော်ပြီး ဆီစစ် ဆယ်ထုတ်ထားပါ။

ထိုဆီထဲ ကြက်သွန်နီထည့်မွှေကြော်ကာ နွှမ်းပြီး ရွှေဝါရောင်သန်းလာလျှင် ငါးငံပြာရည်နှင့် ငပိထည့်၍ စက္ကန့် အနည်းငယ်ခန့် ဖိချေ၍ မွှေကြော်ထားပါ။

ဝက်ခြေထောက်၊ သရက်သီးစိမ်း၊ ကြက်သားမှုန့်၊ ငရုတ်သီးစိမ်းနှင့် ဆယ်ထုတ်ထားသော ငရုတ်သီးအခြောက်တောင့်များထည့်ကာ မိနစ်အနည်းငယ်ခန့် မွှေကြော်ပြီးနောက် ချဉ်ချဉ်စပ်စပ် မွှေးမွှေးလေးဖြင့် စားကောင်းလှတဲ့ သရက်သီးစိမ်း ၀က်ခြေထောက် ငပိကြော်လေးကို အရသာရှိစွာသုံးဆောင်နိုင်ပါတယ်။

Read times Last modified on Thursday, 13 September 2018 16:59
Rate this item
(3 votes)