Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ပန်းသီးကြက်ဥကပ်ကြော်

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ နေ့လည်ဘက် မိသားစုဆုံတုန်းလေး

လုပ်စားလို့လွယ်ကူပြီး ပန်းသီးကြိုက်တဲ့သူတွေအတွက် ပန်းသီးကြက်ဥကပ်ကြော်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ပန်းသီး၊ ကြက်ဥ၊ ဂျုံမှုန့်၊ သကြား၊ မုန့်ကြွပ်ကြော်၊ ဆီ တို့ လိုအပ်ပါတယ်။

 


အရင်ဆုံး ပန်းသီးကို အခွံနွှာပြီး အကွင်းလိုက် မထူမပါးပုံစံ လှီးထားပါ။ အလယ်အူတိုင်ကို ထုတ်ပစ်ပါ။ ပြီးလျှင် ရေဆေးသန့်စင်ပြီး ပန်းသီးကို ဆားနှင့်နယ်ထားပါ။

 

ဂျုံမှုန့်နှင့် သကြားကို ရေထည့်ပြီး ပျစ်ပျစ်ဖျော်ထားပါ။ ကြက်ဥကို ခွဲပြီး မွှေထားပါ။ မုန့်ကြွပ်ကြော်ကို ပန်းကန်ထဲထည့်ထားပါ။

 

ပြီးလျှင် ပန်းသီးလှီးထားတဲ့အကွင်းကို ဂျုံမှုန့်ထဲအရင်နှစ်ပါ။ ကြက်ဥမွှေထားတဲ့အရည်လူးလိုက်ပါ။ ပြီးလျှင် မုန့်ကြွပ်ကြော်ကပ်ပြီး ဆီပူပူထဲတွင်ထည့်ပြီး အညိုရောင်သန်းသည်အထိ ကြော်ပေးပါ။

 

ပြီးနောက် ချိုချဉ်အရသာ ပန်းသီးကြော်ကို အသင့်သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Thursday, 13 September 2018 17:58
Rate this item
(1 Vote)