Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ဘင်္ဂလားဒေ့ရှ်သို့ တရုတ်ယွမ်ဖြင့် ရောင်းချ ဆန်တန်ချိန် ၂ သိန်း ၄ လအတွင်း တင်ပို့မည်

ဘင်္ဂလားဒေ့ရှ်သို့ တရုတ်ယွမ်ဖြင့် ရောင်းချ ဆန်တန်ချိန် ၂ သိန်း ၄ လအတွင်း တင်ပို့မည်

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တန်ချိန် နှစ်သိန်း လေးလအတွင်း အပြီးတင်ပို့ သွားမှာဖြစ်ပြီး ဆန် တစ်တန်ကို တရုတ်ယွမ်ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

.

 မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအစိုးရအကြား ဆန် ကုန်သွယ်မှုဆိုင်ရာ G to G အစီ အစဉ်အရ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်၏ ကြီးကြပ်မှုဖြင့် ကုမ္ပဏီ ၄၈ ခုက ဆန်တန်ချိန် နှစ်သိန်းကို  တင်ပို့မည်ဖြစ်သည်။ ဆန်များ ကို ၂ဝ၂၂ ခုနှစ် အောက်တိုဘာလက စတင်တင်ပို့ခဲ့ပြီး  ၂၀၂၃ ခုနှစ် ဇန်နဝါရီလ နောက်ဆုံးထားပြီး အပြီးတင်ပို့ သွားမည်ဟုသိရသည်။ 

.

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ဆန်စပါး ကုန် သွယ်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာအရ ၂ဝ၂၂ ခုနှစ်မှ ၂ဝ၂၇ ခုနှစ်အထိ နှစ်စဉ် ဆန်ဖြူ တန်ချိန် နှစ်သိန်းခွဲနှင့် ပေါင်းဆန် တန်ချိန် ငါးသောင်း အထိ တင်ပို့ရောင်းချသွားမည်ဖြစ် ကြောင်း သိရသည်။

Source MDN

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Read times Last modified on Friday, 09 December 2022 20:15
Rate this item
(0 votes)