Myanmar



မန္တလေးဈေးကွက် ဆန်ဈေးနှုန်းများ အခြေအနေ

မန္တလေးဈေးကွက် ဆန်ဈေးနှုန်းများ အခြေအနေ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

  16 6 2023

 

မန္တလေးဈေးကွက် ဆန်ပွဲရုံများတွင် ရန်ကုန်ပေါ်ဆန်း၊ ရွှေဘိုပေါ်ဆန်းတို့မှာ လက်ကျန်နည်း သော်လည်း
အရောင်းအဝယ်အေးခြင်းကြောင့်
ရန်ကုန်ပေါ်ဆန်းတစ်အိတ် ၉၈၀၀၀ကျပ်
ရွှေဘိုပေါ် ဆန်းတစ်အိတ် ၁၀၅၀၀၀ကျပ်ဖြင့်
ဈေးတည်ငြိမ်နေသည်။

မနောသုခဆန်မှာ မြို့တွင်း စားသုံးမှု အများဆုံးဆန်ဖြစ်ခြင်း၊ စတင်စိုက်ပျိုးစကာလဖြစ်၍ လက်ကျန် နည်းခြင်းကြောင့် ယခင်အပတ်တစ်အိတ် ၇၀၀၀၀ကျပ်မှ ယခုအပတ် ၈၀၀၀၀ကျပ်သို့ ဈေးမြင့် သွားသည်။

ဇီယာဆန်မှာ လှောင်လက်ထံမှဝယ်ရခြင်း၊ နယ်ဝေးမှမှာယူမှုများသောဆန်ဖြစ် ခြင်းကြောင့် ယခင်အပတ် တစ်အိတ် ၇၀၀၀၀၀ကျပ်မှ ယခုအပတ် ၇၂၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။

ငစိန်ဆန်မှာ လုပ်ငန်းသမားအဝယ်နည်းခြင်းကြောင့် တအိတ် ၆၀၀၀၀ကျပ်မှ ၅၈၀၀၀ကျပ်သို့ ဈေး နိမ့်သွားသည်။

ဧရာမင်းဆန်မှာ စိုက်ဧကနည်း၊ အထွက်နည်း အဝင်နည်းခြင်း မြို့တွင်းစားသုံးမှုများခြင်း၊ လှောင်သမားထံမှဝယ်ရခြင်းကြောင့် တစ်အိတ် ယခင်အပတ် ၉၀၀၀၀ကျပ်မှ ယခုအပတ် ၉၅၀၀၀ ကျပ်သို့ဈေးမြင့်သွားသည်။

Source MOALI

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Saturday, 17 June 2023 06:36
Rate this item
(0 votes)