Myanmar



မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်ကုန်သည်များ၊ ဆန်စပါးကုမ္ပဏီများ သိရှိလိုက်နာဆောင်ရွက်ရန် တိုက်တွန်းနှိုးဆော်ချက်ထုတ်ပြန်

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်ကုန်သည်များ၊ ဆန်စပါးကုမ္ပဏီများ သိရှိလိုက်နာဆောင်ရွက်ရန် တိုက်တွန်းနှိုးဆော်ချက်ထုတ်ပြန်

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်စီမံခန့်ခွဲရေး ကော်မတီက ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်ကုန်သည်များ၊ ဆန်စပါးကုမ္ပဏီများ သိရှိလိုက်နာဆောင်ရွက်ရန်အတွက် တိုက်တွန်းနှိုးဆော်ချက်ကို  ထုတ်ပြန်ထားပါသည်။

 

• ဆန်စပါးသည် ပြည်တွင်းတွင် စိုက်ပျိုး ထုတ်လုပ်ပြီး ဖူလုံရုံမျှမက ပိုလျှံမှုရှိသဖြင့် ပြည်ပသို့ နှစ်စဉ်တင်ပို့ ရောင်းချနေခြင်းနှင့် ယခုနှစ်တွင်လည်း စပါးလက်ကျန် ဆန်လက်ကျန် လုံလုံလောက်လောက် ရှိနေသည်ကို ဆန်စပါး လုပ်ကိုင်ကြသူများ သိရှိပြီးဖြစ်ကြောင်း၊ 

• သို့ဖြစ်၍ ဆန်ဈေးနှုန်းများကို သင့်တင့်မျှတပြီး တည်ငြိမ်စေရန်နှင့် ဆန်ဈေးနှုန်းများကိုဈေးကစားလိုသောသဘောဖြင့် ဆောင်ရွက်မှုများ၊ သိုလှောင်ထားပြီး ဈေးနှုန်းမြှင့်တင်ရောင်းချမှုများမဖြစ်စေရန် အားလုံးဝိုင်းဝန်းထိန်းသိမ်းရမည်ဖြစ်ကြောင်း၊ 

• မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် ညီနောင်ဆန်စပါးအသင်းများ၏ အသင်းဝင် ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်ကုန်သည်များ၊ ဆန်စပါးကုမ္ပဏီများ အနေဖြင့် ထုတ်ပြန်ကြေညာချက်များကို အထူးဂရုပြု လိုက်နာပူးပေါင်း ဆောင်ရွက်ပေးရန် တိုက်တွန်းနှိုးဆော်ထားသည်။

 

ဆန်စက်များအနေဖြင့် 

• မိမိတို့ဝယ်ယူသိုလှောင်ထားသော စပါးများ၊ ကုန်အပ်လက်ခံထားသောစပါးများကို စနစ်တကျ စာရင်းပြုစုထားရန်၊ 

• ဝယ်ဈေးရောင်းဈေးနှင့် ဝယ်သူရောင်းသူမှတ်တမ်းများ၊ ကုန်ရ/ကုန်ထုတ်/ကုန်လက်ကျန် မှတ်တမ်းများ စနစ်တကျထားရှိရန်၊ 

• လျှပ်စစ်မီးရရှိချိန်များတွင် ဆန်စက်များ စွမ်းအားပြည့်လည်ပတ်ရေး ဆောင်ရွက်ရန်၊ နေ့စဉ်ဆန်စက်လည်ပတ်ချိန်များကို မှတ်တမ်းထားရှိရန်၊

• လျှပ်စစ်မီးလျော့နည်းရရှိခြင်းကြောင့် ဒီဇယ်ဖြင့် ဆန်စက် လည်ပတ်ရန်၊ 

• လိုအပ်မှုရှိပါက မြို့နယ်/ခရိုင်/တိုင်း/ပြည်နယ်ရှိ အသင်းခွဲများ၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့ထံသို့ တင်ပြရန်၊ 

• စက်ချို့ယွင်းမှုကြောင့် ဆန်စက် မလည်ပတ်နိုင်သည့် အခြေအနေရှိပါက ကြိုတင်၍ သတင်းပို့ထားရန်၊ 

• ဧရာဝတီပေါ်ဆန်း၊ ရွှေဘိုပေါ်ဆန်းစသော ပြည်တွင်းစားဆန်နှင့် စပါးများကို သိုလှောင်ထားပါက သိုလှောင်မှု မှတ်တမ်းများထားရှိရန်နှင့် ဈေးကွက်အတွင်းသို့ ပုံမှန်ရောင်းချမှအတိုင်း ပုံမှန်ထုတ်ရောင်းပေးရန်၊ 

• ပစ္စည်းရှိလျက် လျော့နည်းရောင်းချမှုများ လုံးဝမပြုလုပ်ရန်၊ 

• စပါးဈေး မြင့်တက်စေရန် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်နေသူများကို ဝိုင်းဝန်းဖော်ထုတ်ပြီး အသင်းချုပ်သို့ဖြစ်စေ၊ သက်ဆိုင်ရာဌာနဆိုင်ရာများသို့ဖြစ်အချိန်မီအသိပေးရန် နှိုးဆော်ထားပါသည်။


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Friday, 01 September 2023 08:28
Rate this item
(0 votes)