Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ငါးသောက်ဆမ်းဟင်းချက်နည်း

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ဆီမပါဘဲ ရခိုင်ချက်

ချက်ထားသည့် ငါးသောက်ဆမ်းဟင်းချက်နည်းကို တင်ပြပေးလိုက်ပါတယ်။

လိုအပ်သည့်အမယ်များကတော့ ငါးကြင်း၊ စပါးလင်၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ စိမ်းစားငပိ၊ နံနံပင်၊ မကျည်းသီး သို့မဟုတ် သံပရာရည် တို့လိုအပ်ပါတယ်။

ငါးကို ရေဆေးသန့်စင်ပြီး အတုံးကလေးများ တုံးထားပါ။ ပြီးနောက် ဆား၊ ဟင်းခပ်မှုန့်၊ နနွင်းမုန့်နှင့် နယ်ထားပါ။ ငါးပိကို ဖုတ်ထားပြီး စပါးလင်ကို ထုထားရပါမယ်။ ငါးပိဖုတ်ပြီးသားရပြီဆိုရင် ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းတို့ကို ရောထောင်းထားပါ။

ပြီးနောက် ရောထောင်းထားသော ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းကို ဟင်းချက်မည့်အိုးထဲမှာ ငါးနဲ့ရောနယ်ပြီး ရေအနည်းငယ်ထည့်၍ တည်ထားပါ။ ပြီးနောက် စပါးလင်ထည့်ပါ၊ ဟင်းရည်ဆူပွက်လာပြီဆိုလျှင် အပေါ့အငန်မြည်းကြည့်ပါ။

အစပ်ကြောက်သူတွေအတွက် ငရုတ်သီးစိမ်းလျှော့ထည့်ပါ။ အချဉ်အတွက်ကတော့ သံပရာရည် သို့မဟုတ် မကျည်းရည်လေးထည့်ရင်လည်း ရပါတယ်။

ငါး ကျက်ပြီဆိုလျှင် ဟင်းအိုးကို မီးဖိုပေါ်မှ ချလိုက်ပါ။ အရည်သောက်လေးချက်ထားတာမို့ ဟင်းရည်ဆမ်းစားနိုင်တဲ့အတွက် ထမင်းမြိန်စေမှာအမှန် ဖြစ်ပါတယ်။

Read times Last modified on Thursday, 13 September 2018 16:59
Rate this item
(3 votes)